Ep (32)

1.4K 217 22
                                    

Unicode

ဝမ်ရိပေါ်ဟာ အမတ်စဖြစ်ကတည်းကအဆောင်အယောင်တွေရလာပြီး မြို့တော်ရဲ့နေရာတစ်ခုမှာလည်း ဝမ်အိမ်တော်ဟူ၍ရှိလာခဲ့သည်။သူ့နယ်က အဖိုးနဲ့အဖွားကိုလည်း ဝမ်အိမ်တော်ကိုခေါ်ထားနိုင်ခဲ့သည်။

စနေ၊တနဂ်နွေနေ့မှာ ညီလာခံသွားတတ်ရုံကလွဲလို့ သူ့စီမှာရှိတဲ့အလုပ်က အိမ်တော်ထဲရှိပန်းခြံအသေးလေးထဲတွင် သေရည်ထိုင်သောက်နေခြင်းပေ။အခုလည်း သူသောက်နေပြန်လို့ အဖွားကဘေးနားမှာလာထိုင်ဆူနေပြန်ပြီ။

"ဝမ်ရိပေါ်နော် ဝမ်ရိပေါ်..ဘယ့်နှယ့်အရက်ကိုနေ့မအားညမအားသောက်နေရတာလဲ.. အဖွားရိုက်မိတော့မယ်.."

အဖွားဟာသိပ်ချစ်ဖို့ကောင်းသည်။ဆူတာတောင်လေပြေသွေး၍သာ။အဖွားကတော့ သူ့ကိုအရက်မက်တဲ့သေရည်သမားကြီးလို့များထင်နေလေသလား။အဲ့လိုထင်ကြေးဆို သူ့မှာပြန်ပြောဖို့စကားတစ်ခွန်းသာရှိ၏။

"အချစ်ဒဏ်ကြောင့် ပေါက်ပြဲသွားတဲ့နှလုံးသားက တစ်ခါတစ်ခါထထဖောက်တတ်လို့ အရက်လောင်းပြီးချွေးသိပ်ပေး​နေရတာပါဗျာ..ဒါမှမဟုတ် ဒဏ်ရာဆေးနေတယ်လို့ပဲမှတ်ပေးပါ.."

"မြေးလေးဒီလိုဖြစ်နေတာ တစ်ပတ်ရှိပြီ..တစ်ပတ်လုံးလုံးအချစ်ကြောင့်ဒီလိုဖြစ်နေရတာလား..ဟင်းးး..ဒါဆိုလည်း အဖွားမပြောလိုတော့ဘူး..ဒါပေမဲ့အချိန်တန်ရင်တော့ ပြီးဆုံးသွားပါစေနော်.."

နှင်းတွေတောင်ကျလာပါရောလား။အိမ်ရှေ့ကပျဥ်လေးပေါ်မှမြေပြင်သို့ခြေနှစ်ချောင်းတွဲလွဲခိုကာ လှဲနေရင်းနဲ့သေရည်အား ပါးစပ်ထဲသို့လောင်းချမိ၏။ခါးသက်နေကာ ခေါင်းတစ်ခုလုံးကိုမူးဝေစေသည်။သူမြင်ချင်သည့်မျက်နှာလေးလည်းတစ်ခါတစ်လေမြင်ရသေး၏။

တစ်ဖွဲဖွဲကျလာသောနှင်းတွေနဲ့အပြိုင် သူ့ခန္ဓာကိုယ်ကအေးစက်နေပေမဲ့ နှလုံးသားကတော့အလွမ်းဒဏ်ဖိစီးခြင်ကြောင့်ပေလားမသိ ပူလောင်လွန်းသည်။လူတွေပြောကြတဲ့အချစ်ကပူလောင်တယ်ဆိုတာ ဒါလားဟုတောင်အမေးရှိသွားရ၏။

"သေကွဲကွဲတဲ့လူတွေကို သနားတတ်တဲ့ရှောင်ကျန့်ရေ..ကျွန်တော်တို့ရှင်ကွဲကွဲတာကိုရော ခင်ဗျားဘယ်လိုမှဖြစ်မနေဘူးလား..ခင်ဗျားသိလား သေကွဲကွဲသွားတာကမှ ဒီဘဝမှာတော့ထပ်မတွေ့နိုင်တော့ဘူးဆိုတာသိနေလို့ခံသာသေးတယ်..ရှင်ကွဲကတော့.........
ကျွန်တော်ခင်ဗျားကိုလွမ်းတယ်ဗျာ..
တွေ့ချင်မိတယ်.."

WRONG WAY [completed]Where stories live. Discover now