Ep (38)

2.1K 251 32
                                        

Unicode

"ဒါဆို ဝမ်ရိပေါ်က မီးလောင်ပြီးသေဆုံးခဲ့ရတာပေါ့..ဘုရားရေ.. ညီမလေးမသိခဲ့ဘူး..ကြည့်ရတာ အဲ့အချိန်တွေတုန်းက အာရန်တို့ကို ကျင့်ကြံနည်းတွေသင်ပေးနေတဲ့အချိန်မို့လို့ဖြစ်လိမ့်မယ်..မမဗိုက်ထဲဝင်စားတာကရော မမ..နင်လုပ်လိုက်တာများလား.."

မျှော်လင့်ခြင်းနတ်သမီးက သူ့ရဲ့လက်ချောင်းရှည်ရှည်များကို ဆုပ်ချည်ဖြန့်ချည်ပြုလုပ်ပြီး ထိုင်ခုံတွင်ထိုင်နေရာမှ အကြောဆန့်လိုက်၏။သူမပုံစံကြည့်ရသည်မှာ ဝမ်ရိပေါ်တို့နှိုးလာမှာကို စောင့်ရသည်အား အရမ်းကြာ၍ အညောင်းမိနေပုံပင်။

ညီမဖြစ်သူရဲ့ အမေးစကားကြောင့် သူမကအညောင်းဆန့်နေရင်း ခေါင်းခါပြလိုက်သည်။

"ငါတောင် ငါ့သားကအဲ့အမတ်ဖြစ်နေမှန်းသိရတော့ မယုံကြည်နိုင်ဖြစ်သွားမိသေးတယ်..ဒါပေမဲ့လည်း ငါ့သားပဲလေ.. ကြည့်ရတာ ငါပေးလိုက်တဲ့ဆုက သူတို့နှစ်ယောက်ပြန်တွေ့နိုင်ဖို့ အစီအစဥ်တကျဖြစ်သွားတာပဲ ဖြစ်ရမယ်.."

အိမ်မက်နတ်သမီးဟာ ပြောင်းလဲဆန်းသစ်သွားတဲ့အဝတ်အစားများကို သူ့အရှေ့တွင်ပွစာကျဲချထားကာ ထိုအထဲမှ စကပ်အတိုလေးနဲ့ လက်အတွန့်လေးများပါသော အကျီကြက်သွေးရောင်ကို အထက်အောက်စီထား၏။

"ဒီအစုံလေးလှတယ်..ဝတ်ကြည့်လိုက်ရမလား.. "

"သဘောပဲ.."

"ဒါဆိုရင် ရှောင်ကျန့်ကိုတော့ မမပဲ နတ်ဗိုက်ထဲထည့်ပေးလိုက်တာမလား.."

"အေးနော်..ငါက ငါ့ဇာတ်ငါရေးခဲ့မိတာပဲ.."

ထိုအချိန်မှာပဲ ဝမ်ရိပေါ်တို့အိပ်ခန်းထဲမှ မြွေဖြူလေးတစ်ကောင်အပြေးထွက်လို့လာပြီး သူ့အနောက်တွင်လည်း သူ့ထက်အကောင်အနည်းငယ်ကြီးသော မြွေအမည်းလေးက ထပ်ကြပ်မခွာလိုက်လို့လာသည်။

မြွေအဖြူလေးက အိမ်မက်နတ်သမီးရဲ့ပုခုံးပေါ်တတ်ကာ ရှီုးခနဲနှာတစ်ချက်မှုတ်ကာ မာန်ဖီသံလေဖြင့် အကောင်သေးသေးနဲ့ခပ်ငယ်ငယ်လူငယ်လေးတစ်ယောက်အသွင်သို့ပြောင်းလဲသွားခဲ့သည်။

အိမ်မက်နတ်သမီးက သူ့ဘယ်ဘက်ပခုံးပေါ် လက်ဖဝါးနှစ်ဖက်တင်ထား၍ သူ့ကိုဒိုင်းကဲ့သို့ကာရံထားကာ ရန်ထောင်နေသော အာရန်ကြောင့် မေးလိုက်မိ၏။

WRONG WAY [completed]Donde viven las historias. Descúbrelo ahora