Ep (28)

1.6K 222 35
                                        

Unicode

ဝမ်ရိပေါ်ရဲ့နယ်မြို့လေးမှာတစ်ပတ်ကြာလောက်နေပြီးချိန်မှာတော့ အိမ်ပြန်ဖို့သာပြင်ဆင်ရတော့သည်။ရှောင်ကျန့်ကိုချစ်ခင်တဲ့ဝမ်ရိပေါ်ရဲ့အဖိုးနဲ့အဖွားဟာ အိမ်ပြန်လက်ဆောင်များတောင်ထည့်ပေးလိုက်သေး၏။

ကိုယ်တိုင်လုပ်ပေးလိုက်သော ဖက်နဲ့ထုပ်ထားသည့် ဝက်သားကောက်ညှင်းထုပ်လေးများဟာ ကြိုးနဲ့တွဲချည်ထားပေး၏။ကောက်ညှင်းရဲ့စီးသောအရသာနဲ့ ဝက်သားရဲ့ချိုသောအရသာက လျှာဖျားပေါ်တင်လိုက်သည်နှင့်ဆိမ့်ဝင်သွားကာ စားရသည်မှာအလွန်အရသာရှိလှ၏။

"စားကောင်းလား အာရန်.."

အာရန်သည် ဝက်ကောက်ညှင်းထုပ်အားပလုပ်ပလောင်းစားနေရင်းဖြင့် ။

"အရသာကအံ့မခန်းပဲ သခင်လေးရာ.."

"ကြိုက်ရင်စားဦး..ရှိသေးတယ်.."

တောလမ်းရှိခုတ်လှဲခံထာရသောသစ်တုံးအဆွေးတစ်တုံးပေါ်မှာ ရှောင်ကျန့်ဟာထိုင်နေရင်း ဘေးရှိအာရန်အားနောက်ထပ်ဖက်ထုပ်တစ်ထုပ်ကိုလှမ်းပေးလိုက်ပြီး ဝမ်ရိပေါ်ဘက်ကိုလည်း ဖက်ထုပ်ပေးရန်လှည့်လိုက်၏။

"အင်း..အင်း..ကျွန်တော်ကတစ်ထုပ်လုံးမကုန်ဘူး.. ရှောင်ကျန့်ရဲ့လက်ထဲက စားပြီးသားတစ်ဝက်လောက်ဆိုရင်တော့ ကုန်လောက်မယ်ထင်တယ်.."

ပါးစပ်မှထွက်လိုက်သည့်စကားမှန်သမျှဟာ ရေလာမြောင်းပေးစကားများနဲ့ ဂွင်ဆင်သည့်စကားများသာထွက်တော့သည့်ဝမ်ရိပေါ်ဟာ အခုလည်းသူ့နှုတ်ခမ်းနဲ့ထိထားတဲ့အရာကိုစားချင်နေလို့ ဂွင်ဆင်နေမှန်း အထာနပ်တဲ့ရှောင်ကျန့်ကအတပ်သိ၏။ဒါကြောင့် စားနေတဲ့ကောက်ညှင်းထုပ်တစ်ဝက်ကို ပေါင်ပေါ်အသာတင်လိုက်ပြီး နောက်ထပ်အသစ်ကိုဖောက်လိုက်သည်နှင့် ဝမ်ရိပေါ်ကသူ့ပေါင်ပေါ်မှ ကောက်ညှင်းထုပ်ကိုဖတ်ခနဲကောက်ယူကာ ပါးစပ်ထဲသို့ပစ်ထည့်လိုက်၏။

"လူညစ်ပတ်..!!
ဒီမှာအသစ်ခွာပေးနေတယ်လေ..!"

"သိသားပဲ.. ဒါကြောင့်အမြန်ကောက်စားလိုက်တာ..ရှောင်ကျန့်ရာ ခင်ဗျားလောက်ကတော့ ငယ်ပါသေးတယ်..
အောင်မလေးဗျာ ပုံမှန်ထက် ခင်ဗျားနှုတ်ခမ်းပါးပါးအိအိလေးနဲ့ထိထားလို့လားမသိဘူး ပိုပြီးတောင်အရသာရှိနေတယ်.. တစ်ကယ့်နတ်သုဒ္ဓါပဲ.."

WRONG WAY [completed]Tempat cerita menjadi hidup. Temukan sekarang