Ep (10)

2.9K 352 6
                                    

Unicode

မူးဝေနောက်ကျိနေသော ခေါင်းဟာချာလပတ်ယမ်းလျက် သူမနှိုးလာချိန် ရောက်ရှိနေသောနေရာက ဂူတစ်ဂူပင်။သူမအနားရောက်လာသော အရိပ်ကြီးတစ်ခု ပို၍ နီးကပ်လာချိန်မှာ သူမပါးစပ်မှထိန်းမထားနိုင်တော့ပါ။

"ရှင်..ရှင်ဘယ်သူ အွန်း...."

တစ်ဖက်မှ သူ့ကို ပါးစပ်လာပိတ်တာ ရှင်းယောင်က ဝူးဝူးဝါးဝါးသာ အသံထွက်နိုင်သည်။

"ရှူး..မကြောက်နဲ့..မင်းကို အန္တရာယ်မပေးဘူး.."

"တောထဲကိုဆွဲခေါ်လာပြီးမှ မကြောက်လို့ရမလား..ရှင် ဘေးဖယ်စမ်း..သွား..!!"

"ဘာလို့အဲ့လောက်စိတ်တိုနေရတာလဲ စိတ်ထိန်းမှပေါ့.."

"ဒီမှာရှင့်.. လွန်ခဲ့တဲ့မိနစ်အနည်းငယ်က ကျွန်မအချစ်ရဆုံးသူငယ်ချင်းက ရှေးဘုရင်တစ်ပါးရဲ့ကြင်ယာတော်ဖြစ်ခဲ့တယ် အတန်းဖော်တစ်ယောက်က သွေးစုပ်ဖုတ်ကောင်ဖြစ်ခဲ့တယ် ပြီးတော့ ဘာမှန်းမသိတဲ့အကောင်ကြီးက ကျွန်မကိုတောအုပ်ထဲ ဆွဲခေါ်လာတယ် အဲ့တာကို ကျွန်မကစိတ်ထိန်းနိုင်ရဦးမလား..!!"

တစ်ဖက်ကလူက မှောင်ရိပ်ခိုနေမှုကြောင့်မျက်နှာမမြင်ရသော်လည်း ဖြူဖွေးစွတ်နေတဲ့အသားအရည်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်၊အသံရယ်ကြောင့် ယောကျာ်းတစ်ဦးဆိုတာကိုတော့ ရှင်းယောင်သိရှိနိုင်သည်။

"ဟုတ်ပြီ..ကိုယ်လောသွားတယ်..ဒါပေမဲ့ ကိုယ်ရှင်းမပြခင် မင်းသူငယ်ချင်းဘယ်မှာလဲသိလား..သူ..မင်းသူငယ်ချင်းကိုလိုက်ရှာနေတယ်.."

"ကျွန်မသူငယ်ချင်း..?? ရှောင်ကျန့်လား ..ရှင်က ဘာလုပ်မလို့လဲ..နေပါဦး ရှင်ကဘယ်သူလဲ.."

ဂူထဲမှာက ဘာမှမရှိပေမဲ့ မြေပြင်နဲ့ နံရံတွေက ညစ်ပေနေခြင်းတော့မရှိပေ။ဧကန်န ဂူအောင်းလူသားတွေဆိုတာလား။

"ကိုယ့်နာမ်မည်က ရိန်း..ကိုယ်က သွေးစုပ်လင်းနို့မျိုးရိုးက.. အခုကိုယ်တော့မျိုးရိုးက အကုန်သေကုန်လို့ မင်းသူငယ်ချင်းကို လိုက်ရှာ.."

"ခဏလေးနေပါဦး.."

ရှင်းယောင်က မျက်စိနှစ်ဖက်လုံးစုံမှိတ်ကာ ခေါင်းကိုက်သွားဟန်နဲ့ လက်ကာပြ၍ ဆက်ပြောမဲ့စကားကို တားလိုက်သည်။

WRONG WAY [completed]Wo Geschichten leben. Entdecke jetzt