Extra (2)

1.7K 190 24
                                        

Unicode

နေ့နေ့ညည ဘယ်သူ့အကူအညီမှမပါဘဲ ဝူကျိက သူတို့နေမည့်တိုက်အိမ်လေးကို ဆောက်လုပ်သည်။အုတ်တွေကို သူကိုယ်တိုင်သယ်ပြီး သူကိုယ်တိုင် ဘိလပ်မြေဖျော်၏။အာရန်က ထိုသို့ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် ဝူကျိကိုကြည့်ပြီး သူ့အစားပင်ပန်းလာရသည်။အာရန်ရဲ့ လက်တစ်ဖက်မှာ မက်မွန်သီးတစ်လုံးကိုင်ထားလျက် အရည်တစ်ရွှမ်းရွှမ်းဖြင့် တစ်ကျွတ်ကျွတ်ကိုက်စားလို့နေသည်။

နောက်ဆုံးမှာ ဝူကျိပြောသလို ထိုင်မနေနိုင်တော့ဘဲ သူဟာ အုတ်တွေကို သွားသယ်တော့သည်။ဝူကျိဟာ ချက်ချင်းပဲ အုတ်စီနေရာမှ

"အာရန်လေး.. ဘာလုပ်နေတာလဲ..ကိုယ်ပြောထားတယ်လေ..အေးဆေးထိုင်နေပါလို့ဆို "

"ဘာမှမဖြစ်ပါဘူး..ဒါကလည်း ကျွန်တော်နေမဲ့အိမ်ပဲကို.. ကျွန်တော်လည်း ကူလုပ်ပေးသင့်တာပေါ့..ခင်ဗျားမောနေရင် ခဏသွားထိုင်နေလိုက်.. ကျွန်တော်အုတ်တွေသယ်ပေးထားမယ် "

"အာရန်တောင် အခုလိုအလုပ်လုပ်နေတာ..ကိုယ်မောလို့ ဘယ်ဖြစ်မလဲ..သြား..ဘိလပ်မြေအုပ်မဲ့နေရာမှာ သွားထိုင်နေ.. ကိုယ်အုတ်တွေလာချပေးရင် အာရန်က ယူပြီး ဘိလပ်မြေအုပ်ပေး..ဒီလောက်ဆို ကိုယ်လည်းသိပ်မပင်ပန်းတော့ဘူးပေါ့..ဟုတ်ပြီလား "

"ဘာလား..ကျွန်တော်က ကိုယ်နေရမဲ့အိမ်မို့လို့ကူလုပ်ပေးနေတာပါနော်.. ဘယ်သူက ခင်ဗျားပင်ပန်းမှာကို စိတ်ပူမှာတဲ့လဲ "

အာရန်က နည်းနည်းလေးတောင် သေးသေးတင်မခံချေ။ဒါပေမဲ့ အရင်လိုစကားမပြောမဆိုခဲ့တုန်းက အချိန်ထက်စာရင်တော့ အခုလိုရန်တွေ့တာလေးက အနည်းငယ်တော့နေရထိုင်ရသက်သာစေသည်။

"အာရန်..ကိုယ်ဘယ်တော့မှ သူများအတွဲတွေလို ချစ်ကြည်နူးစကားလေးတွေကြားရမှာလဲဟင် "

နှုတ်ဖျားမှ ထိန်းမနိုင်သိမ်းမရ စနောက်မိတော့ မျက်နှာတစ်ပြင်လုံး တစ်ဖြည်းဖြည်းနဲ့အနီရောင်ရင့်လာကာ မျက်နှာတစ်ဖက်သို့လွဲသွားသည်။ထိုအချိန် လေတိုက်လိုက်သည်ကြောင့် အနီးကရေကန်ထဲ လှိုင်းကြက်ခွပ်လေးတွေဖြစ်သွားရကာ မသိရင်ငါးအကြေးခွံအတိုင်းပင်ဖြစ်သည်။

WRONG WAY [completed]Where stories live. Discover now