Unicode
လုံဝေနဲ့ဝူထုန်းဆိုသည်မှာ သူ့အဖေနဲ့ဆို တူတော်စပ်ပြီး သူနဲ့ဆိုမောင်နှမတော်စပ်ကာ ဟွာကျွမ်းဆိုရင် သူနဲ့တူဝရီးတောစပ်သည်။ဟွာကျွမ်းဘက်မှ ရှဲကျိနဲ့ရင်းနှီးရခြင်းကလည်း သူနဲ့လိုက်လာရင်းနဲ့ရင်းနှီးသွားခဲ့ခြင်းဖြစ်သည်။ခက်တာက အခုတော့ပြဿနာတွေတတ်ကုန်ပြီ။ဟွာကျွမ်းနဲ့ရှဲကျိနဲ့က မှတ်မှတ်ရရ အရမ်းတည့်တဲ့သူတွေထဲမှာမပါ။သို့သော် ဟွာကျွမ်းဆိုသည်မှာဘယ်အချိန်ကတည်းက ချိန်နေမှန်းမသိ အခုတော့ပါသွားရှာလေပြီ။
ဦးလေးဝူကျိကလည်း လုံဝေတို့ကို မိဘတွေအနေနဲ့ပိုးဆိုးပက်ဆက်ပြောလိုက်ချင်ပါသော်လည်း လုံဝေက ရှောင်ကျန့်ရဲ့သားလည်းဖြစ်သလို မျှော်လင့်ခြင်းနတ်သမီးရဲ့မြေးလည်းဖြစ်လို့နေပြီး အဓိကကတော့အခုလက်ရှိ ကောင်းကင်ရော နတ်ဆိုးလောကကိုပါအုပ်ချုပ်နေသူတစ်ယောက်ပင်။ဒါကြောင့် ပြောလည်းပြောချင်ပြောလည်းမပြောရဲဖြစ်နေရလေသည်။သူတို့လည်း ငြိမ်ငြိမ်လေးသာနေပေးနေလိုက်ပေမဲ့ ပြဿနာတွေကဒီလောက်နဲ့မပြီးသွား။
ဟွာကျွမ်းနဲ့ရှဲကျိနဲ့ပြန်ရောက်လာခဲ့ပြီး ကလေးတွေကိုပေးစားဖို့လုပ်ကြတော့သည်။လူကြီးတွေကတော့ အစုံအလင်တတ်ရောက်ကြသည်။မမြင်ရတာကြာပြီဖြစ်တဲ့ ရှောင်ကျန့်နဲ့ဝမ်ရိပေါ်အပြင် ပွဲကြည့်ရန် ဟောက်ရွှမ်းကလည်း စုန့်ကျိရန်ကိုအတင်းဆွဲခေါ်လို့လာသည်။မိသားစုတွေ့ဆုံပွဲလုပ်ဖို့ ခန်းမကြီးတစ်ခုကိုငှားလိုက်ကာ အခန်းအလည်ကို စားပွဲအရှည်ကြီးဖြင့်ထက်ဝက်ပိုင်းထားသဖွယ်ရှိနေပြီး အသီးသီးနေရာယူလျက်ရှိသည်။တစ်ကယ်ဆို ဝူကျိနဲ့အာရန်နဲ့က အခန်းထဲရှိအားလုံးထက်အသက်ပိုကြီးပြီး နှစ်နာသူဘက်လည်းဖြစ်နေတာကြောင့် ဝူကျိကသိပ်တော့မကျေနပ်။
ဝမ်ရိပေါ်ကတော့ ဘယ်ဘက်မှဝင်မပါဘဲ သူ့အလှလေးကိုသာဝိုင်ငှဲ့ပေးလို့နေပြီး ဟောက်ရွှမ်းကလည်း ပွဲဆူမှကြည့်ရန်အနေအထားမှာရှိ၍ ကျိရန်အနားမှာသာပေကပ်၍ထိုင်နေလျက်ရှိသည်။သူတို့နှစ်ဦးမှလွဲ၍ ကျန်သူများအားလုံကတော့ မျက်နှာအရိပ်အကဲကိုကြည့်၍ ကြည့်နေကြည့်စားသာ။