Extra (1)

2.2K 220 38
                                        

Unicode

အိပ်ခန်းတစ်ခုအတွင်းသို့ ဒုန်ဆိုင်းနေသောခြေသံနဲ့အတူ စုန်ကျိရန်ဝင်ရောက်လာခဲ့သည်။အနောက်မှနေ၍ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် ဝင်လာသူကတော့ ဟောက်ရွှမ်းပင်။ပြီးတော့ ရှားရှားပါးပါးဒေါသထွက်နေတဲ့ ကျိရန်ရဲ့အရှေ့သွားကာ ဒူးထောက်ချလိုက်၏။

"ကျိရန်ကော.. အထင်လွဲနေတာ..အဲ့တာမဟုတ်ဘူး..တစ်ကယ်မဟုတ်ဘူး "

စုန်ကျိရန်က မျက်ခုံးပင့်ကာ ဟောက်ရွှမ်းကိုဥပက္ခာပြုသလိုဖြင့် ခေါင်းလွဲလိုက်သည်။

"တစ်ကယ်ပြောတာဗျ.. အမှန်အတိုင်းပြောရင် ကျိရန်ကောနဲ့ညားပါစေဗျာ.. လိမ်ညာပြောခဲ့ရင် အောက်ဆုံးငရဲရဲ့အိုးဖင်မှာ ခွာမရအောင်ဂျိုးကပ်နေရပါစေ.. ဟုတ်တာမှန်တာပြော ကျိရန်ကောနဲ့ကလေး၃ယောက်ဖွားပါစေ "

"မဟုတ်တာတွေလာပြောမနေနဲ့ ! ပါးစပ်ပေါက်ကြီးကအားနေတယ်ဆိုတိုင်း တွေ့ကရာစကားတွေကို ခရားရေလွတ်သလိုပြောနေတော့မှာလား.. ဘယ်မှာလဲ မင်းမဟုတ်ပါဘူးဆိုတဲ့သက်သေ... မင်းပြောလေ! "

ဟောက်ရွှမ်းက ဒူးထောက်နေရာမှ ငိုမဲ့မဲ့ဖြစ်လို့လာသည်။သူက အဆုံးထိမှ သူ့ကိုတရားခံတစ်ယောက်လိုပြုမူနေဦးမယ်ဆိုရင် ချက်ချင်းငိုချမိတော့မှာပင်။

"အဲ့လောက်ကြီးထိတော့ ကျွန်တော့်ကိုမပြောပါနဲ့ဗျာ "

"မင်းကျိန်တာတွေကိုလည်း စဥ်းစားကြည့်လေ.. လိမ်ညာခဲ့ရင် ငရဲအောက်ဆုံးထပ်ရဲ့အိုးဖင်မှာဂျိုးကပ်မယ်တဲ့..ထာဝရအသက်ရှိတဲ့လူတိုင်းသိတယ်၊ အောက်ဆုံးထပ်က အရမ်းဆိုးရွားတဲ့ မကောင်းဆိုးဝါးတွေနဲ့နတ်ဆိုးဝိညာဥ်တွေကို ချုပ်နှောင်ထားတဲ့ အကျဥ်းခန်းတွေပဲရှိတာ..ဘယ်မှာလဲ မင်းချိုးကပ်ဖို့အိုး? "

"ဒါပေမဲ့ ဒါပေမဲ့.. ကျွန်တော် အဲ့လိုလုပ်ဖို့မရည်ရွယ်ခဲ့ဘူး.. မှားသွားပါတယ်.. ကျွန်တော်မှားသွားပါတယ်.. အကယ်၍ ကျိရန်ကောသာအခွင့်အရေးလေးထပ်ပေးရင် ကျွန်တော့်ဘဝကြီးကိုပုံအောပြီးတော့ "

စုန်ကျိရန်က လက်ကာလျက်

"တော်တော်.. ငါထပ်မကြားချင်ဘူး.. မင်းဒီတစ်ခါတော့ သိပ်လွန်တယ်..အရင်ကလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ ခဏခဏဖြစ်ဖူးတာ ငါသိတယ်.. ဒါပေမဲ့ ငါမင်းကိုအမြဲခွင့်လွတ်ပေးခဲ့တယ်.. အခုကတော့ မင်းသိပ်တရားလွန်သွားပြီ.. မင်းပြန်ပြင်ဆင်လည်း ငါ့စီကအခွင့်အရေးတော့ရမယ်မထင်နဲ့ "

WRONG WAY [completed]Hikayelerin yaşadığı yer. Şimdi keşfedin