extra(4)

987 89 4
                                    


Unicode

ဝူကျိနဲ့အာရန်က ကလေး၃ယောက်ရှိခဲ့သည်။သားနှစ်ယောက်သမီးလေးကတော့ တစ်ယောက်ထဲပါလို့ ဝူကျိကပို၍ကဲသဲ၏။အကြီးဆုံးသားလေးက ရှဲကျိ၊အလတ်က ကျိယမ်၊အငယ်ဆုံးသမီးလေးကတော့ ရွှမ်ရန်လို့ခေါ်သည်။ရွှမ်ရန်က အနေအေးပြီး သူကြောက်စရာကိစ္စနဲ့ကြုံရင်ဖြစ်ဖြစ် သူ့စိတ်ထဲကြောက်စိတ်ဖြစ်ပေါ်ရင်ပဲဖြစ်ဖြစ် မြွေခန္ဓာကိုယ်ကိုပြောင်းလဲပြီး ခွေနေတတ်သည်။သူမရဲ့မြွေကိုယ်ထည်က ဆင်စွယ်ရောင်ပေါ်မှာ ပန်းမိတ်ကပ်အရောင်ဖျော့ဖျော့လေးက အစက်အပျောက်လေးတွေလိုရှပ်ပြေးနေတာကြောင့် နူးညံ့ပုံရကာချစ်စဖွယ်ပင်။

တစ်ရက်တော့ သူမတောအုပ်ထဲမှာ အကိုတွေနဲ့ကစားနေရင်း လမ်းပျောက်သွားလေတော့သည်။မိသားစုထဲမှာ ကြောက်တတ်တဲ့တစ်ဦးတည်းသောအမျိုးသမီးလေးအတွက်ကတော့ ကြောက်စရာကောင်းတဲ့ကိစ္စရပ်ပင်။ဒါပေမဲ့ သူမတတ်နိုင်သလောက်တော့ လမ်းကိုလိုက်ရှာမိသည်။ကြာလာတော့ သူမစိတ်ပျက်လို့လာမိ၏။သူမအကိုကြီးနဲ့အကိုလတ်နဲ့ဆိုရင် လမ်းပျောက်သွားရင်တောင် သူတို့ဘာသာပြန်လာတတ်သည်။မိသားစုထဲတွင် သူတစ်ယောက်ထဲအသုံးမကျပါ။ဒီလောက်သွားလာနေကျတောအုပ်လေးမှာတောင် လမ်းပျာက်ရသေးသည်တဲ့။

လမ်းလျှောက်ရတာကြာလို့ ခြေထောက်တွေညောင်းလှပြီ။သူမအကိုကြီးသာရှိရင် သူမကိုကုန်းပိုးပေးလိမ့်မည်၊အကိုလတ်က သူမဖိနပ်တွေကိုကိုင်ပေးလိမ့်မည်။အိမ်ကျရင် မားမားကဆေးလူးပေးပြီး ပါးပါးက ခြေထောက်နှိပ်ပေးလိမ့်မည်။တွေးနေရင်းမှာပဲ တောအုပ်ထဲမှလှမ်းမြင်နေရသောနေလုံးကြီးက တစ်ဖြည်းဖြည်းနှစ်ဝင်သွားတော့မလိုပင်။သူမ နေလုံးကိုမြင်နိုင်တဲ့နေရာကိုသွားလိုက်မိတော့ သူမရပ်နေတာတောင်ကမ်းပါးအစွန်းမှာပင်။

အောက်ဘက်တွင်ရေပြင်ကြီးရှိပြီး အဝေးမှနေဝင်သည့်မြင်ကွင်းသည် ရေထဲသို့နစ်မြုပ်နေသလိုထင်နေရ၏။

"အီးဟီးဟီး..အကိုကြီး အကိုလတ်..ညီမလးကိုလာခေါ်ပါဦး"

ထိုမျှလောက်သာရေရွတ်နိုင်ပြီး ရွှမ်ရန်တစ်ယောက်မျက်နှာတစ်ပြင်လုံးစိုရွှဲနှစ်လို့နေပြီး ရှိုက်သံတောင်ထွက်လို့နေပြီဖြစ်သည်။ကလေးမလေးက လမ်းရှာရင်းတစ်လမ်းလုံးငိုပွဲဆင်နေတာကိုး။ထိုအချိန် သူထိုင်နေသောချောက်ကမ်းပါးပေါ်တင်လာသော လက်တစ်ဖက်ကိုတွေ့လိုက်ရ၏။သူမရဲ့ခန္ဓာကိုယ်က ချက်ချင်းမြွေပုံစံလေးပြောင်းလဲလို့သွားသည်။တစ်စုံတစ်ယောက်က အပေါ်တတ်လာတာပဲ။သူ..သူပုန်းနေမှဖြစ်မှာပေါ့။

WRONG WAY [completed]Donde viven las historias. Descúbrelo ahora