Ep (42) End

4K 334 32
                                        

Unicode

ထိုသို့ဖြင့်အချိန်တွေက ထပ်ကုန်ဆုံးလာခဲ့ပြီးရှောင်းကျန့်ရဲ့နတ်ခန္ဓာကိုယ်ထဲသို့ ဝိညာဥ်အပြည့်ကူးပြောင်းသွား၏။ယခုအချိန်မှာတော့ နတ်တွေသာတွေ့မြင်နိုင်သော ရှောင်ကျန့်၏အသွင်အစစ်အမှန်သည် အဖြူရောင်ဆံနွယ်ရှည်များကို စည်းနှောင်းထားလျက် ဖြူဖွေးစွတ်နေသောအသားအရည်နှင့် စတင်၍ပူစပြုနေသော ဗိုက်လုံးလုံးလေးပင်။

အရင် လူ့ခန္ဓာကိုယ်ကို လောဘကြီးသော လုံဝေက သူ့ကိုပေးရန်ထပ်မံပြောဆိုလာသည်။

"မင်းက မင်းအမေရဲ့လူသားခန္ဓာကိုယ်တွေတောင်းပြီး ဘာလုပ်မလို့လဲ.. စုဆောင်းရေးလုပ်နေတာလား..အရင်လူ့ခန္ဓာကိုယ်လည်း မင်းစီမှာလေ..အခု ခန္ဓာကိုယ်ကတော့ ငါသိမ်းထားမယ်..တစ်ကယ်ဆို အလှလေးက ငါ့အပိုင်မို့ မင်းစီက ခန္ဓာကိုယ်ကိုပါ ငါယူလိုက်သင့်တာ.."

"ဒါဆို ကြင်ယာတော်ဘဝတုန်းက လူ့ခန္ဓာကိုယ်ကရော.."

အားလုံးရဲ့အကြည့်သည် ညီမဖြစ်သူနဲ့ ချက်စ်ထိုင်ကစားနေသော မျှော်လင့်ခြင်းနတ်သမီးစီရောက်ရှိသွားသည်။

"လာမကြည့်နဲ့.. ငါ့စီမှာရှိတယ်.. မပေးနိုင်ဘူး..ပြီးတော့ ငါ့စီမှာက အလုံခြုံဆုံးကို.. ငါပဲခန္ဓာကိုယ် ၃ခုလုံးသိမ်းထားသင့်တာမလား.."

အားလုံးက သူယူမယ်၊ငါယူမယ်ဖြစ်နေကြတော့ ပိုင်ရှင်ဖြစ်တဲ့ရှောင်ကျန့်သည်သာ ဆုံးဖြတ်ပေးလိုက်ရသည်။

လုံဝေ၊ မျှော်လင့်ခြင်းနတ်သမီး နဲ့ ဝမ်ရိပေါ်တို့ကို ခန္ဓာကိုယ်တစ်ခုစီပိုင်ဆိုင်စေလိုက်သည်။

"မီးမီးလေးမွေးရမယ်နော်.."

"သားလေးဆိုရင်ရော.."

"သားလေးဆိုရင်တော့ မျောက်ကိုထိန်းရမဲ့ကံပါလာတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်.."

"ဒီလိုဆိုမှ လုံဝေလေးကိုတောင်လွမ်းလာပြီ.. ကျွန်တော်တို့ နတ်ဆိုးတိုင်းပြည်စီသွားရအောင်လား.."

ထိုသို့ဖြင့် အချိန်တွေစီးဆင်းနေမှုက သိပ်မြန်သည်ကိုသိလာရသည်။အခုဆိုရင် ဝမ်လင်မယားက အလုပ်ကိစ္စနဲ့ခရီးထွက်သွားပြီဖြစ်သည်။

WRONG WAY [completed]Tempat cerita menjadi hidup. Temukan sekarang