Ep(3)

4.5K 542 50
                                        

Unicode

ဝမ်ရိပေါ်အတွက် ကံဆိုးမိုးမှောင်ကျမှုက ရှောင်ကျန့်၁၀နှစ်သားမှာ စတင်သည်။ထိုနေ့က မိသားစုစုံစုံလင်လင် ညစာစားနေသောအချိန်ဖြစ်၏။

"အာ့.."

"ရှောင်ကျန့်လေး ဘာဖြစ်လို့လဲ.."

မွေးစကတည်းက ရှောင်ကျန့်က ဝမ်ရိပေါ်နဲ့ ဝူထုန်းနဲ့ကြားမှာသာ ထမင်းစားတတ်သည်မို့ ဘေးမှာရှိတဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်အသံကြားကာ မေးလိုက်ရခြင်း။

"ခေါင်း..ခေါင်းက အရမ်းနာတယ်..အာ့.."

အဆုံးသတ်မှာ တူပြုတ်ကျသွားသံနဲ့ အတူ ပျော်ရွှင်နေတဲ့ မိသားစုထမင်းဝိုင်းလေးက ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

ဆေးရုံမှာ ၅ရက်တိတိမေ့မျှော်သွားခဲ့ပြီး အကြောင်းအရင်းကိုတော့ ဆရာဝန်များသာမက ဝမ်ရိပေါ်ကိုယ်တိုင်လည်း ရှာမတွေ့ခဲ့ချေ။

ထို့နောက် ၆ရက်မြောက်နေ့ ရှောင်ကျန့်နိုးလာကတည်းက ဝမ်ရိပေါ်နဲ့ ခပ်တန်းတန်းနေကာ ဝမ်ရိပေါ်စိတ်ထင် သူနဲ့မပက်သတ်ချင်တော့သလို ဖြစ်သွားခဲ့သလိုပင်။

ရှောင်ကျန့် ၁၁နှစ်အရွယ်..
___________________

"မားမား သားကို ကျောင်းလာကြိုပေးပါလား.."

"ဘာလို့လဲ..ရိပေါ်လေးနဲ့ ကျောင်းအတူတူပဲကို အတူတူပြန်လာကြလေ.."

"မားမားပဲ လာကြိုပေးပါ..နော်..နော်.."

ငိုမဲ့မဲ့ဖြစ်နေတဲ့ သားဖြစ်သူကြောင့် ရိရှင်းကသဘောတူလိုက်ရသည်။ဘယ်တတ်နိုင်မလဲ သူ့သားလေးသဘောအတိုင်း လိုက်လုပ်ပေးရမှာပေါ့။

ဒါပေမဲ့ နံရံတစ်ခုအနောက်မှ ဝမ်ရိပေါ်ကို ဘယ်သူမှမတွေ့ခဲ့ကြပေ။

ဒီလိုမျိုး သူ့ကိုရှောင်ဖယ်မှုက..

ရှောင်ကျန့် ၁၂နှစ်အရွယ်...
____________________

"wow...ဦးလေးဝူထုန်းက သားအကြိုက်မုန့်တွေဝယ်လာတာပဲ..."

ရှောင်ကျန့်က အပြင်စာသိပ်မစားရချေ။အစာအိမ်ယောင်တာမျိုးခဏခဏဖြစ်တဲ့ ရှောင်ကျန့်အတွက်တော့ အိမ်ကချက်ပြုတ်ပေးတာကိုသာ အဓိကစားရသောကြောင့် သရေစာမုန့်များကို အလွန်ကြိုက်မိခဲ့၏။

WRONG WAY [completed]Dove le storie prendono vita. Scoprilo ora