Unicode
ရောက်ရှိနေသော နေရာကြောင့် ရှောင်ကျန့်က ကြောက်အားလန့်အားရုန်းမိ၏။ဘာလို့ဆို နှစ်ယောက်ထပ်လျက်သားရှိသောနေရာသည် ဝမ်ရိပေါ်ရဲ့ကုတင်ကျယ်ကြီးဖြစ်နေလို့ပင်။
သေချာသလောက်တော့ ဝမ်ရိပေါ်ရဲ့ကိုယ်ပိုင်အခန်းကို ခြေမချခဲ့တာ ၅နှစ်ရှိလောက်ပြီဆိုပေမဲ့ အရင်က ဘာမှမသိဘဲ ကလေးလိုပျော်ရွှင်ခဲ့ပုံတွေက မနေ့တစ်နေ့ကလိုပင်။
"ကိုယ့်ကိုပြော..အားလုံးကိုမှတ်မိနေတယ်မလား.."
"မားမားတို့ကို ခင်ဗျားမေ့အောင်လုပ်လိုက်တယ်..ပြီးတော့ ကျွန်တော် လျှာကို.."
ဝမ်ရိပေါ်သိလိုက်ပြီ။ရှောင်ကျန့်မှတ်မိတာက သူအတင်းအကြပ်လုပ်လို့ လျှာကိုက်ပြီးမေ့လဲသွားသည့်အထိသာဖြစ်သည်။ကျန်တာတွေ ဘာမှမသိသေးပါ။ဒါဆိုရင် အဲ့အချိန်က တော်တော်လေးကို ကြောက်လန့်နေခဲ့သေးတာ။ဒါကြောင့် ဒီ၅နှစ်လုံးလုံး သူ့ကိုအကြောင်းမရှိ ရှောင်ရှားနေခဲ့တာပေါ့။
ဒါပေမဲ့ ဘာလို့မှတ်မိနေခဲ့တာလဲ။
ရှောင်ကျန့်ဟာ ခန္ဓာကိုယ်တစ်ခုလုံး အဖိခံထားရပြီး သူ့အိမ်မက်တွေကလည်း အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့တာများဖြစ်နေခဲ့သည်ဆိုသောအသိက လက်ရှိဘဝကိုယုံဖို့ပင်ခက်သွားစေ၏။
"အလှလေး.."
"ဟင့်အင်း..မခေါ်နဲ့.."
"အလှလေး.."
မခေါ်နဲ့..မခေါ်နဲ့လို့..!!"
"ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ခဲ့ကြတယ်လေကွာ.."
သူကဘာလို့ အဓိပ်ပါယျမရှိတဲ့စကားတှကေို ယုံရမှာလား။မဟုတ်တာတွေ..သူက ဒီနတ်ဆိုးကောင်ကို..။
"မဖြစ်နိုင်တာ.."
သူကရော ဘာလို့ဒီအခြေအနေကြီးကို အလွယ်တကူလက်ခံလိုက်ရတာလဲ။
."မဟုတ်ဘူး..ဒါက တစ်နည်းနည်းနဲ့ ကျွန်တော့်အိမ်မက်တွေကို ခင်ဗျားကသိနေပြီး ကျွန်တော့်ကိုစနေတာ..ဟား ဟား..နတ်ဆိုးတဲ့..ဒီခေတ်ကြီးမှာ ဘယ်ကနတ်ဆိုးလဲ..လိမ်နေတာ..လူလိမ်..!!"
![](https://img.wattpad.com/cover/257512330-288-k392632.jpg)