Ep (26)

1.7K 227 40
                                        

Unicode

မနက်ပိုင်းခရီးဆက်ကြသည့်အခါ ဝမ်ရိပေါ်ရဲ့နယ်ကိုစောစောရောက်ချင်သည့်ကြောင့် မနက်စောစောထထွက်ကြသည်။အဓိကကတော့ ရှောင်ကျန့်အိပ်မပြောလို့ပင်။တစ်ခါမှ တောထဲတောင်ထဲမအိပ်ဖူးတာမို့ မြေပြင်မှာကျောချဖို့ကိုတောင် ရှောင်ကျန့်ကြောက်ရွံ့နေမိလို့ပင်။

"ဝမ်ရိပေါ်..ကျွန်တော့်ကိုဒါလေးတစ်ချက်လောက်.."

အာရန့်ဆီမှအထုပ်တစ်ထုပ်ကို ရှောင်ကျန့်ကကူသယ်ပေးထားမိသည်။ယခုအချိန် သူ့ဖိနပ်အရှည်ထဲတွင် တစ်ခုခုဝင်ရောက်နေသလိုပင်။ညကချွတ်ထားမိသည့်ဖိနပ်ကို မနက်ကပြန်ဝတ်တော့ မခါလိုက်မိတာ ခဲလုံးတွေဘာတွေများဝင်နေသလားမသိပေ။ဒါကြောင့် သူကထုတ်မလို့ လက်ထဲမှအထုပ်ကို ဘေးမှဝမ်ရိပေါ်စီခဏကိုင်ထားခိုင်းလိုက်သော်လည်း ဝမ်ရိပေါ်ကရုတ်တရက်အမြန်ထွက်သွား၏။

ထိုအခါ အာရန်ကအနောက်မှပြေးလာ၍ ရှောင်ကျန့်အထုပ်ကိုကူကိုင်ပေးလိုက်သည်။

"အာရန်..ငါ့အထင် ဝမ်ရိပေါ်ငါ့ကိုရှောင်နေသလားလို့.."

"အယ်..သခင်လေးအခုမှသိတာလား..ကျွန်တော်က ရန်ဖြစ်ထားကြတယ်လို့တောင်ထင်နေတာ..အရင်ကဆို အကိုလေးဝမ်ရိပေါ်က သခင်လေးကိုဆို အရမ်းကပ်ပြီး စကားကလည်းရေပက်မဝင်အောင်ပြောတတ်တာကို..အခုတော့ သူစိမ်းတွေလိုပဲ.."

"အင်း..မင်းပြောတာလည်းမှန်သား..ငါဘာလုပ်မိထားလို့ပါလဲ.."

နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ရဲ့နယ်ဆိုသောနေရာကိုရောက်လာခဲ့ပြီဖြစ်သည်။ဂိတ်တံခါးအသေးလေးမှာ ရဲမက်နှစ်ယောက်လောက်သာစောင့်နေပြီး ထိုရဲမက်များကလည်း ထိုင်၍ငိုက်မြည်းနေခြင်းပေ။

ဝမ်ရိပေါ်က ထိုဂိတ်အနားရောက်သည်အထိ ရှောင်ကျန့်ကိုဘာတစ်ခွန်းမှမပြောသေးပါ။

"ဒီကောင်ကဘာလဲ..ငါကသူ့မျက်နှာနဲ့လိုက်လာပါတယ်ဆို အခုတော့ သစ်စိမ်းချိုးချိူးနေတယ်ပေါ့..အာရန်..ပြန်ကြမယ်.."

အာရန်သည် သူ့ဘေးမှဖြတ်လျှောက်သွားတဲ့သခင်လေးမျက်နှာကိုကြည့်လိုက်သည့်အချိန် အံကိုတင်းတင်းကြိတ်ထားသည့် ရှောင်ကျန့်ကိုတွေ့လိုက်ရပြီး သူသည်လည်းပြန်လှည့်သွားသော သူ့သခင်လေးနောက်ကိုပြေးလိုက်ရသည်။ရှောင်ကျန့်ဘက်ကကြည့်ရင်လည်း အခုသွားမည့်နေရာကဝမ်ရိပေါ်နဲ့သက်ဆိုင်သည့်နေရာမို့လို့ အကယ်၍ဝမ်ရိပေါ်ကသာတောက်လျှောက်သူ့ကိုမသိချင်ယောင်ဆောင်နေဦးမည်ဆိုရင် ယခုသွားမည့်နေရာတွင်သူတို့က လူအကြီးတွေလိုဖြစ်နေမည်။

WRONG WAY [completed]Où les histoires vivent. Découvrez maintenant