Ep (17)

2K 286 45
                                    

Unicode

ဒီ ep က အရင်ကအကြောင်းတွေကိုရှင်းပြထားတာဆိုတော့ စကားပြောတာနည်းလိမ့်မယ်..ဒါပေမဲ့ ep အားလုံးထက် အရေးကြီးဆုံးအပိုင်းပဲ..

~~~~~~~~~~

လွန်ခဲ့သောနှစ်ပေါင်း ၂သောင်းကျော်လောက်က လူ့ပြည်မှ ဘုရင် စုမျိုးရိုးသည် မိဖုရားပေါင်းများစွာရှိသော်လည်း သူ့၏အမတ်တစ်ယောက်၏ တစ်ဦးတည်းသောသားလှရတနာလေးကို အလွန်ချစ်ခင်နှစ်သက်ခဲ့မိပြီး ထိုအမတ်စီမှာတောင်းခံခဲ့သည်။

သို့သော် အမတ်ကြီးသည် တစ်ဦးတည်းသောသားဖြစ်သူလေးကို နန်းတွင်းရေးရာမှာဝင်မပါစေချင်ခဲ့ပေ။

"ကျွန်တော်မျိုးရဲ့သားတော်လေးက ငယ်ရွယ်နုနယ်သူလေးပါအရှင်..နန်းတွင်းက ရှုပ်ထွေးပြီး နေရာတိုင်းကအစာစားရဖို့ချောင်းနေကြတဲ့သားရဲတွင်းကြီးလိုပေမို့ ကျွန်တော်မျိုးသားလေးကို စိုးရိမ်မိပါတယ်..ဒါကြောင့် စိုးရွံ့စွာပဲ ငြင်းပယ်ပါရစေ.."

ဘုရင်စုသည် အမတ်ကြီးပြောတာကိုနားလည်သဘောပေါက်ခဲ့၏။သူ့မှာမိဖုရားများစွာရှိပြီး တစ်ဦးနဲ့တစ်ဦးတည့်တဲ့သူတောင်မရှိပေ။အားလုံးက ဘုရင်ရဲ့အချစ်ဆုံးသူဖြစ်ရဖို့သာ တစ်ယောက်နဲ့တစ်ယောက်ရန်စောင်းနေတတ်ကြ၏။အကယ်၍ အမတ်ကြီး၏သားလေးသာ သူအချစ်ရဆုံးသူဆိုတာသိပါက အားလုံးက ထိုကောင်လေးကို အမဲဖျက်ကြမည်ဖြစ်သည်။

တစ်ခါတစ်လေ မိန်းမတွေရဲ့ရက်စက်မှုက တယ်လည်းကြောက်စရာကောင်းလှသည်။

ဘုရင်စုက လက်လျော့လိုက်ဖို့အကြိမ်ကြိမ်ကြိုးစားသော်လည်း ထိုကောင်လေးကိုမမေ့နိုင်ခဲ့ပေ။စတွေ့သောနေ့က သူသည်အရပ်သားဝတ်စုံနဲ့တိုင်းပြည်ကိုလှည့်လည်ကြည့်ရှုနေခြင်းဖြစ်ကာ သူ့အာရုံကိုဖမ်းစားနိုင်သည့်ကောင်လေးကို တွေ့ခဲ့ရသည်။

စာအုပ်ဆိုင်တစ်ခုတွင် ဘာရယ်မဟုတ် စာအုပ်များကိုလိုက်လံကြည့်ရှုနေမိသည့်အခါ စာအုပ်ဆိုင်ပိုင်ရှင်နှင့်ပြောနေသော အသံချိုချိုလေးရယ် ပြောနေသောစကားတွေရယ်ကြောင့် စိတ်ဝင်တစားနဲ့ကြည့်မိခဲ့သည်က သူ့အတွက်အရူးရင့်စေခဲ့တာပင်။

WRONG WAY [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ