Ep (30)

1.6K 223 28
                                    

Unicode

"သခင်လေး ကျွန်တော်တောင်းပန်ပါတယ်.."

အခုဆို ရှောင်ကျန့်နန်းတွင်းထဲရောက်နေတာနေ့တစ်ဝက်ကျော်နေပြီ။ရှောင်အိမ်တော်ပြန်ချင်တာတောင် ပြန်ခွင့်မရပါ။ရှောင်ကျန့်ကို မိဖုရားကြီးအဆောင်သို့ဆွဲခေါ်လာကာ နေစေသည်။ဒီလောက်ကျယ်တဲ့အခန်းကြီးထဲမှာ နေရတာစိတ်ခြောက်ခြားစရာပင်။

"ငါ့ရဲ့အဖြစ်တွေကို ဝမ်ရိပေါ်ကိုရင်ဖွင့်ချင်လိုက်တာ အာရန်ရာ..သူသာသိရင် ဘယ်လိုဖြစ်နေမလဲမသိဘူး.."

"ဟင်းးးး..."

ငိုင်နေသောသူ့သခင်လေးကို ကြည့်၍ဝမ်းနည်းပေးရုံမှတစ်ပါး အာရန်လည်းဘာမှမတတ်နိုင်ပေ။

"အာရန်..ငါတစ်ယောက်ထဲခဏနေချင်တယ်.."

"သခင်လေး.."

ရှောင်ကျန့်ဟာ အဆောင်အရှေ့ရှိငါးများရှိသောကြာကန်ကြီးတွင်ခြေထောက်နှစ်ဖက်အား ရေထဲနှစ်ထားမိ၏။တံတားလေးပေါ်မှထိုင်နေလျက် ကောင်းကင်ပေါ်သို့မော့ကြည့်ချိန်တွင် နှုတ်ခမ်းပါးမှလေပူများကိုထုတ်လိုက်မိပြီး မျက်လုံးလေးအစုံကိုမှိတ်ထားမိသည်။

"ဝမ်ရိပေါ်...ခင်ဗျားဆုတောင်းတာလောသွားတယ်..တစ်ကယ်ဆို ဒီဘဝမှာရော နောက်ဘဝမှာပါ ပေါင်းဖက်ရပါစေလို့ဆုတောင်းရမှာ..ကျွန်​​​တော်က​လေ ခင်ဗျားနဲ့သာဆို ဘဝတစ်ခုလုံးကိုအတူတူဖြတ်သန်းနိုင်မယ်ထင်တယ်ဗျာ.."

နန်းတွင်းဟာ အရမ်းလှသည်ဆိုတာကိုတော့လက်ခံပါသည်။ငြိမ့်ညောင်းနေသောရေစီးသံလေးများနှင့် လေတစ်ဖြူးဖြူးတိုက်ခတ်သံ။လူတွေက ဆိုကြသည်။ဘဝရဲ့အချိုးအကွေ့တစ်ခုခုမှာ နန်းတွင်းထဲသို့ဝင်ရောက်နေထိုင်ဖူးချင်သည်တဲ့လေ။သစ်ရွက်ချင်းရိုက်ခတ်သံ​ဖြစ်တဲ့တစ်ဖြတ်ဖြတ်ကတောင် သူ့ကိုအိပ်ချင်လာစေသည်။သူဟာ အေးလွန်းတဲ့ရေကန်ထဲမှာခြေထောက်ကို စိမ်ထားလျက် တံတားပေါ်မှာခန္ဓာကိုယ်ကို ပုစွန်ထုပ်လေးအလားကွေးကာဘေးတိုက်လေး လှဲလျောင်းမိသည့်နှင့်တစ်ပြိုင်နက် မျက်လုံးကိုမှိတ်ချလိုက်သည့်အခါ မျက်ရည်စီးကြောင်းတစ်ကြောင်းဟာလည်း နားထင်ဘက်သို့စီးဆင်းကာ တံတားကြမ်းကြားမှတစ်ဆင့် ကြာကန်ထဲသို့တောင်ကျသွားတော့သည်။

WRONG WAY [completed]Tahanan ng mga kuwento. Tumuklas ngayon