Extra (3)

1.9K 192 15
                                    

Unicode

ဝူထုန်းစတင်၍ သတိရလာချိန်တွင် သူဟာ ကြီးမားကျယ်ပြန်သောကုတင်ပေါ်တွင် ဘယ်ညာလက်နှစ်ဖက်လုံးက ပူးတွဲအချည်ခံထားရပြီး အိပ်ယာခင်းဖြူဖြူ၊ခေါင်းအုံးဖြူဖြူနဲ့ တစ်ခန်းလုံးအဖြူရောင်အသုံးအဆောင်တွေချည်းရှိနေတဲ့ အိပ်ခန်းတစ်ခုစီရောက်ရှိနေခဲ့ခြင်းပေ။

သူ့လက်တွေ၊ခြေတွေသာ တုပ်နှောင်မခံထားရဘူးဆို အိပ်ယာကြီးပေါ်က ဆင်းပြီး သူစပ်စုမိမှာပဲ။နှာမြောစရာတစ်ခုကတော့ ဘယ်ခွေး*သားက သူ့ကိုကြိုးတုပ်သွားရတာလဲ!!။ဂျက်စတင်လား။မနေ့က သူ့ကို ဂျက်စတင် ကားတင်ပြေးခဲ့တာမလား။

"ခွေးသူခိုးကောင်!!!"

"ဘယ်သူက ခွေးသူခိုးလဲ ကိုကို "

စကားသံမကြားရပါ။ဒါပေမဲ့ ဒီအသံက ဝမ်ရိပေါ်ရဲ့သူငယ်ချင်း လုံဝေရဲ့အသံမှန်း သူအတပ်သိလိုက်တာကြောင့် အားကိုးရှိသွားကာ အတိုင်းမသိဝမ်းသာသွားမိသည်။

"လုံဝေ..လုံဝေမလား..မင်းဘယ်မှာလဲ "

လုံဝေဟာ အသံထွက်မလာခဲ့ပေ။သူသည်လည်း အလျော့မပေးဘဲ ဆက်တိုက်ခေါ်နေမိတာကြောင့် သူလည်ချောင်းပင် ခြောက်ကပ်လာရကာ တံတွေးတောင်ခန်းတော့မတတ်ဖြစ်လာခဲ့ရသည်။

"ကိုကို "

"လုံဝေ..မင်းဘယ်မှာလဲလို့ "

ထိုအချိန် တံခါးချပ်ကြီးတစ်ခုပွင့်လာခဲ့ပြီး အထဲကို ကလေးတစ်ယောက်က ခုံဆွခုံဆွဖြင့်ဝင်လို့လာခဲ့သည်။

"ပေါက်စီလေး !! ပေါက်စီလေးက ဘယ်လိုဖြစ်ပြီး "

သူအံ့သြနေတုန်မှာပဲ ကလေးငယ်လေးဟာ ပြေးလို့လာခဲ့ပြီး သူ့စီရောက်တော့မည့်အချိန်မှာပဲ တစ်ဖြေးဖြေးနဲ့ လုံဝေအသွင်သို့ရောက်ရှိသွားခဲ့သည်။ဝူထုန်းသည်မှာတော့ ပေါက်စီလေး သူ့ကိုယ်ပေါ်ပြေးတတ်လာမည်အထင်နဲ့ ပူးချည်ထားတဲ့လက်ကလေးကို လှမ်းထားပြီး ခြေထောက်ပူးပူးလေးများကလည်း မွေ့ယာပေါ် ဒူးထောင်ထားလို့၊ပြီးတော့ မျက်လုံးအကြည့်ရွှင်ရွှင်လေးများက ထိုအတိုင်းတည်ရှိနေပြီး ဝူထုန်းနားမလည်နိုင်သလို အနည်းငယ်ပြေကျသွားရသည်။ဒါက ဘာကြီးလဲ။

WRONG WAY [completed]Donde viven las historias. Descúbrelo ahora