Unicode
ကြားဖူးသလောက်တော့ မောင့်ရှိကျဲဆိုသည့်နေရာက ဘယ်သက်ရှိမဆိုဝင်လို့မရဘူးဟူ၍ပင်။သို့ပေမဲ့ သူ့အရှေ့ကမိန်းမပျိုလေးသည် လူသားတစ်ယောက်မဟုတ်နိုင်သော်ငြား သေချာသည်ကနတ်တစ်ပါးပါးသာဖြစ်လိမ့်မည်။ပြီးတော့ မျက်နှာသွင်ပြင်ကိုကြည့်ခြင်းဖြင့် တစ်ယောက်ယောက်နဲ့သွားတူနေသည်ဟုလည်း ထင်မိ၏။သို့သော် သူ့ခေါင်းထဲဘာမှထွက်မလာခဲ့ပါ။
ဝတ်စားပြင်ဆင်ပုံကရှေးကျနေကာ အသက်အရွယ်ငယ်ရွယ်သည့်မိန်းမပျိုလေးသာဖြစ်သည်။ဒါပေမဲ့ ပါချီပါချက်ထဲကတော့မဖြစ်နိုင်ဘူးဆိုတာ ဝမ်ရိပေါ်အလိုလိုသိနေ၏။သူ့ဘေးနားတွင်လည်း လှဲလျောင်းအိပ်စက်နေသည့်လူတစ်ချို့ရှိပြီး ၎င်းတို့ရဲ့ကိုယ်ခန္ဓာများသည်မြေကြီးနဲ့မထိ၊လေထဲတွင်သာလဲလျောင်းလျက်တည်ရှိနေ၏။သူသည်လည်း ဒီမတိုင်ခင်ကယခုကဲ့သို့လဲလျောင်းခဲ့တာဖြစ်နေနိုင်ပြီး အိမ်မက်မှနှိုးလာနိုင်ခဲ့တဲ့ပထမဆုံးသူဖြစ်နိုင်ပေမည်။
သူ့အထင်က နှိုးလာတာနဲ့ အိမ်မက်မှတ်ဉာဏ်သစ်ပင်များကိုတွေ့ရမည်ဟုသာ။သို့ပေမဲ့ အလင်းရောင်ဝါးတစ်ဝါးမျှသာရှိတဲ့ဒီနေရာတွင် အပင်နဲ့သက်ဆိုင်တာဟူ၍မမြူတစ်မျှတောင်မတွေ့ရသေးပါ။ဝမ်ရိပေါ်အရှေ့တွင်ရှိသော အနှီးမိန်းကလေးကတော့ ဝမ်ရိပေါ်ရဲ့ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်ပုံကိုသာ စူးစမ်းနေဟန်။
"မင်းကတစ်ကယ်နတ်သမီးအိုကြီးရဲ့သားပေါ့..ဒါဆိုသူ့ယောကျာ်းကဘယ်သူလဲ..?"
ထိုစကားအရဆိုရင် ယခင်ကသူကြားခဲ့ရသည်အဖွားအိုသည် သူ့အရှေ့ကမိန်းကလေးပင်ဖြစ်ရမည်။
ဝမ်ရိပေါ်က အတွေးစများပြတ်တောက်သွားပြီး ခပ်တည်တည်ဖြင့်သာ အသံပြတ်ပြတ်နဲ့စကားဆိုသည်။"ကျွန်တော့်ရဲ့အဖေ.."
ထိုမိန်းမပျိုလေးမှာ ဝမ်ရိပေါ်ရဲ့အဖြေကိုသဘောကျသွားသလိုတစ်ဟားဟားနဲ့သာရီတော့သည်။အချိန်အတော်ကြာသည်အထိ မရပ်သေးတာကြောင့် ဝမ်ရိပေါ်က ဒီနေရာမျိုးမှာရှိနေသောဒီမိန်းမပျိုလေးက ဘယ်သူဆိုသည်ကိုသိချင်စိတ်ပြင်းပြလာရ၏။
