Unicode
ရှောင်ကျန့်က သူတို့ခရီးမထွက်ခင်တစ်ရက်အလိုမှာ စာအုပ်ဆိုင်ကိုသွား၍ ပန်းပွင့်တစ်ရာကဗျာစာအုပ်အကြောင်းသွားမေးလိုက်ရသေးသည်။တစ်ကယ်ဆို သူသွားရာတစ်ကောက်ကောက်လိုက်သည့် ဝမ်ရိပေါ်နဲ့သူနဲ့မှာထားတာ စာအုပ်ရမည့်နေ့ဖြစ်ပေမဲ့ စာအုပ်ဆိုင်ပိုင်ရှင်ကမေ့ကာ ချန်မထားပေးခဲ့ပါ။
"သူဋေးကလည်းဗျာ..ကျွန်တော်သေချာမှာထားရက်နဲ့ ဘာလို့အဲ့စာအုပ်မှရောင်းလိုက်ရတာလဲ..ကျွန်တော်ပြောတယ်လေ အဲ့ပန်းပွင့်တစ်ရာကဗျာစာအုပ်ကိုဖတ်ချင်ပါတယ်လို့..သူဋေး ဒီတစ်ခါတော့အရမ်းလွန်သွားပြီ.."
အာရန်သည် ဆိုင်ထဲတွင်အော်ကျယ်အော်ကျယ်ဖြစ်နေသော သခင်ဖြစ်သူအားဆိုင်ထဲမှလူများသည်လည်း အကဲခတ်ကြည့်နေကြပြီဖြစ်တာမို့ စကားထိန်းပြောစေရန် လက်တို့မိလိုက်သည်။ဒီနေ့က ဝမ်ရိပေါ်သည်အထုပ်အပိုးပြင်ဆင်စရာလေးတွေရှိလို့ဟူကာ နောက်ကျမှရောက်လာမည်ဖြစ်တာကြောင့် သူ့သခင်လေးကိုထိန်းဖို့လူက သူတစ်ယောက်ထဲသာရှိ၏။ရှောင်ကျန့်လည်း ဘယ်နေ့အတိအကျလိုချင်သည်ကိုပြောလိုက်ပြီး ဆိုင်ထဲမှထွက်ရန်ပြင်လိုက်သည့်အချိန် တစ်ဖက်စာအုပ်စင်ဘေးမှထွက်လာသောလူတစ်ယောက်နဲ့သူတိုက်မိတော့တာပါပဲ။
သူတိုက်လိုက်သည်က အားမများဘူးဟုထင်ရပေမဲ့ တစ်ဖက်လူမှတော်တော်နာကျင်သွားပုံနဲ့မြေပြင်မှတောင်ပြန်ထမလာချေ။ထိုသူနဲ့အဖော်ပါလာသူသည် ချက်ချင်းဆိုသလို ရှောင်ကျန့်အကျီကိုဆွဲဆောင်တော့သည်။
"မင်း..ဘယ်လိုလုပ်လိုက်တာလဲကွ..ငါ့သခင်ကပြန်တောင်မထနိုင်တော့ဘူး.."
"ခင်ဗျားကရော ဘာလုပ်တာလဲ.. ကျွန်တော့်သခင်လေးကသူ့လမ်းသူသွားတာလေ..ခင်ဗျားသခင်ကအရင်တိုက်မိတာကို..အဲ့လက်ကိုဘေးဖယ်စမ်း.."
အာရန်က ရှောင်ကျန့်အကျီစကိုဆောင့်ဆွဲလိုက်တဲ့သူရဲ့လက်ကို ပြန်ဆွဲဖယ်ပေးမဲ့မရတာကြောင့် ထိုလူ့လက်ဖမိုးအားဖက်ကိုက်တော့သည်။ဒါပေမဲ့ အနာခံနိုင်တာပဲလားမသိ ထိုလူဟာရှောင်ကျန့်ကိုလွတ်မပေးချေ။