Ep(4)

4.6K 480 34
                                        

Unicode

"ထမင်းကုန်အောင်စား.."

ပန်းကန်ထဲမှ တစ်ဝက်သာကျိုးသေးတဲ့ထမင်းနှင့်ဟင်းကိုကြည့်ကာ ဝမ်ရိပေါ်က ထသွားတော့မည့်ရှောင်ကျန့်ကို ကြည့်ကာတားမြစ်လိုက်ရခြင်းမှာ ကျန်းမာရေးထိခိုက်မှာစိုးလို့ ထမင်းကုန်အောင်စားခိုင်းခြင်းသာ ဖြစ်သည်။

"ကျွန်တော်...
ဝပြီ.."

"ပြန်ထိုင်.."

သူ့အားကြည့်လာသည့် ရှောင်ကျန့်ကို ဝမ်ရိပေါ်က မျက်လုံးဖြင့်ပြန်ထိုင်ရန် ပြောလိုက်ပေမဲ့ ရှောင်ကျန့်က ပေကပ်၍အိမ်အပေါ်ကိုသာ မျှော်ကြည့်လိုက်သည်။

"စာလုပ်ရဦးမယ်..အပေါ်ပဲ တတ်.."

"ကိုယ်ခွံ့ကျွေးရမလား.."

ဆက်ပြောရင်ပိုဆိုးလာတော့မည့်ဝမ်ရိပေါ်ကြောင့် ရှောင်ကျန့်က ဘာမှဆက်မပြောတော့ဘဲ ပြန်ထိုင်နေလိုက်သည်။သူဟာ သူ့ရဲ့တူတစ်စုံကိုပြန်ကိုင်လိုက်ပြီး ထမင်းပန်းကန်လုံးလေးထဲမှ ထမင်းများကို တစ်စေ့ချင်းစီသာ စားနေ၏။

သူအမှန်တစ်ကယ်ကို ကြောက်နေခြင်းပေ။အိမ်ကြီးထဲမှာ ကိုယ်ကြောက်ရတဲ့သူနဲ့ နှစ်ယောက်တည်းရှိနေရတာ ဘယ်သူက မကြောက်ဘဲနေနိုင်မှာလဲ။သူ..အိမ်မက်တွေအတိုင်း တစ်ကယ်မဖြစ်ချင်ဘူး။

"ကျွန်တော် တစ်ကယ် ဝနေပြီ.."

"အပေါ်တတ်တော့.. နောက်ပြီး.."

"......"

"မနက်ဖြန်ကစပြီး ကျောင်းအကြိုအပို့ ကိုယ်လုပ်မယ်.."

"ဗျာ..ဗျာ..ရပါတယ်..အဲ့လောက်ကြီးထိ.."

"အပေါ်တတ်တော့.."

ရှောင်ကျန့်အပေါ်တတ်သွားပြီးနောက် ဝမ်ရိပေါ်အတွေးများနေမိသည်။ကလေးဘဝမှာ သူ့ကိုအရမ်းခင်တွယ်ခဲ့သလောက် သိတတ်စမှစ၍ သူ့ကိုအရမ်းကြောက်သွားခဲ့တာ ဘာကြောင့်လဲ။

သူသာ ရှောင်ကျန့်ကို ချစ်ကြောင်းထုတ်​ပြောလိုက်ရင်လည်း ချင်းချုန်းက အဖေအရင်းမဟုတ်ဘူးဆိုတာ သိသွားနိုင်သည့်အခြေအနေ။

အဲ့တော့ သူ့အလှလေးနားမှာ တတ်နိုင်သလောက် အကိုတစ်ယောက်လို ထိန်းသိမ်းပြီးနေမှရမည်။မထိန်းသိမ်းနိုင်ရင်ရော..ရှင်းပါတယ်..သိမ်းပိုက်လိုက်ရုံပေါ့။

WRONG WAY [completed]Tahanan ng mga kuwento. Tumuklas ngayon