Ep (15)

2.1K 275 17
                                    

Unicode

အားလုံးကိုယ်စီ ရေကန်ရဲ့အောက်ခြေပိုင်းအထိရောက်သွားကြတဲ့အချိန်မမျှော်လင့်ထားတာကတော့ ရေကန်ရဲ့အောက်ခြေပိုင်းဟာ ရေမျက်နှာပြင်တစ်ခုဖြစ်နေပြန်သည်။ထိုရေမျက်နှာပြင်ပေါ်သို့တတ်လိုက်သည့်အခါမှာတော့ သူတို့ဖြတ်သန်းလာသော ရေကန်နဲ့တစ်ပုံစံတည်းချွတ်စွတ်တူသည့် ရေကန်ကိုသာထပ်တွေ့လိုက်ရပြန်သည်။ထိုရေကန်မှမဟုတ်ဘဲ ရေကန်သို့ရောက်ရန်တွားသွား၍ ဖြတ်သန်းလာခဲ့သည့်နေရာကအစတူနေတာပင်ဖြစ်ပြီး မသိရင် ထိုနေရာသို့သာပြန်ရောက်သွားသလိုပင်။

ရိန်းဟာ သူခေါ်ဆောင်လာခဲ့သည့်ရှင်းယောင်အဆင်ပြေမပြေစစ်ဆေးကြည့်လိုက်ပြီးနောက်မှာ ရှင်းပြမှုကိုစတင်တော့သည်။

"အခုနက လာခဲ့တဲ့လမ်းအတိုင်းပြန်တတ်သွားရမှာ.."

"ဝံပုလွေမျိုးနွယ်ရဲ့ ပုံရိပ်ယောင်ကမ္ဘာကရော.."

အားလုံးက အဖြစ်မှန်ကိုရိပ်မိကြပေမဲ့ လူသားဖြစ်တဲ့ရှင်းယောင်ကတော့ မျက်လုံးစုံမှိတ်ပြီးအသယ်ခံလာရတာကြောင့် သူရောက်ရှိနေသောနေရာကို လူသားတွေရဲ့ကမ္ဘာပဲဟုထင်ခဲ့ခြင်းပေ။ဒါကြောင့်လည်း သူမက ရိုးသားစွာမေးလိုက်ခြင်းသာဖြစ်သည်။ရိန်းက ရေမွန်းမလိုဖြစ်နေသေးသည့်ပုံစံနဲ့သူမကို ကျောကိုဖွဖွဖိပုတ်ပေးနေကာ ပြောလိုက်သည်။

"ရှင်းယောင်လေးရဲ့..ကိုယ်တို့အခုရောက်နေတာ ဝံပုလွေမျိုးနွယ်ရဲ့ပုံရိပ်ယောင်ပဲလေ.."

သေချာသလောက်ကို သူ့စကားသံက ပျစ်ချွဲအီနေမှာအမှန်ပင်။ဝမ်ရိပေါ်က မြင်နေကြကြားနေကြလိုသာသဘောထားလိုက်ပြီး ဝံပုလွေမျိုးနွယ်အကြောင်း စကားစဆိုသည်။

"ဝံပုလွေတွေက သတ်ဖြတ်လိုစိတ်ပြင်းကြတယ်..တိုက်ပွဲအမြဲဖြစ်နေပြီး ခေါင်းဆောင်နေရာကိုလုတတ်ကြတယ်..ရှင်းရှင်းပြောရရင် လူသားလိုနေထိုင်ပြုမူတတ်ပြီး အသိဉာဏ်ရှိတာကလွဲရင် သူတို့က တိရစ္ဆာန်အရိုင်းတစ်ကောင်သာသာပဲ..သူတို့ကို နိုင်ချင်ရင်တော့ သူတို့ရဲ့အကြီးအကဲကိုအနိုင်ယူရုံကလွဲရင်တစ်ခြားမရှိဘူး..ဒါပေမဲ့ငါတို့က သူတို့ကိုတိုက်ခိုက်ဖို့လာတာမဟုတ်ဘူး..သူတို့မမြင်အောင်ရှောင်ခွင်းသွားမယ်..ပြီးရင်ရှောင်ကျန့်တည်နေရာကိုသွားကြမယ်.."

WRONG WAY [completed]Donde viven las historias. Descúbrelo ahora