Ep (29)

1.3K 216 34
                                    

Unicode

ရှောင်အိမ်တော်က တိတ်ဆိတ်လို့နေသည်ကြောင့် ရောက်တာ တစ်လကျော်ပင်ရှိသေးသည့်အာရန်ပင်လျှင် ကြောင်တိကြောင်အဖြင့် အရှေ့မှ ရှောင်အိမ်​တော်ဟူသော ဆိုင်းဘုတ်ကြီးကိုသွားပြန်ပြေးကြည့်ရသည်။ဒါပေမဲ့ ဘယ်သူကကိုယ့်အိမ်ကိုမှားဝင်မှာလဲ။

ရှောင်ကျန့်က အိမ်ထဲသို့ဝင်သည့်အခါ အစေခံကောင်လေးနှစ်ယောက်က သူ့ထံသို့ဝရုန်းသုန်းကားဖြင့်ပြေးလို့လာသည်။

"သခင်လေး ဘယ်တွေရောက်နေတာလဲဗျာ..သခင်ကြီးကို..သခင်ကြီးကို.."

ရှောင်ကျန့်ရင်ထဲဒိန်းခနဲ့စောင့်တတ်သွားရသည်။

"ငါ့အဖေ..??
ငါ့အဖေ ဘာဖြစ်လို့လဲ..သူရော အခုသူဘယ်မှာလဲ.."

အစေခံလေးဟာ တုန်ရီနေလျက် မကြာခင်မှာပဲမေ့လဲကျတော့မလို။ထိုကဲ့သို့ပုံစံဖြစ်နေလေ ရှောင်ကျန့်ပို၍စိုးထိတ်မိလေပင်။

"သခင်ကြီးကို နန်းတွင်းရဲမက်တွေက နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းသွားတယ်..သခင်လေး ကျွန်တော်ကြားဖူးတာကတော့ နိုင်ငံတော်ပုန်ကန်ရင် အပြစ်ဒဏ်က.."

ရှောင်ကျန့်ဟာ ပူလောင်သွားသောရင်ဘတ်နဲ့အတူ ကြမ်းပြင်ပေါ်သို့ပစ်ကျသွားရသည်မို့ အာရန်ကဘေးမှနေ၍ ထိန်းထားပေးရသည်။အခုမှခရီးကနေပြန်ရောက်လာတာလေ။ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။အာရန်သိတာက သခင်ကြီးဆိုသူက အေးအေးဆေးဆေးသမားပါ။ဘာကိစ္စနိုင်ငံတော်ပုန်ကန်မှုကိုလုပ်မှာလဲ။မဖြစ်နိုင်တာတွေ။

"သေဒဏ်ပဲ...
ငါ့အဖေအကြောင်းငါသိတယ်..သူလုပ်မှာမဟုတ်ဘူး...ဒါ..တစ်နည်းနည်းနဲ့ချောက်တွန်းခံရတာ..ငါ...ငါနန်းတော်ရှေ့က မျှတမှုဗုံကိုသွားတီးမယ်.."

နန်းတော်အရှေ့တွင်ရှိသောဗုံသည် မတရားသဖြင့်ခံရသည်အခါမျိုးဖြစ်ဖြစ်၊မကျေနပ်သည့်အခါမျိုးဖြစ်ဖြစ် တရားမျှတမှုကိုရရှိစေထို့အတွက် ဘုရင်ကိုယ်တိုင်အားအမှုလိုက်စေခြင်းဖြစ်သည်။ရှောင်ကျန့်သည် ထိုဗုံအားလက်နှစ်ဖက်ဖြင့် ဗုံတီးသည့်တုတ်ချောင်းနှစ်ချောင်းကို​မြောက်ကိုင်ကာ စတင်တီးတော့သည်။သူရဲ့လက်များဟာ တုန်ရီလို့နေပြီး သူ့ဖခင်ကိုလည်းအလွန်တွေ့ချင်လှ၏။

WRONG WAY [completed]Tahanan ng mga kuwento. Tumuklas ngayon