Ep (37)

1.9K 249 36
                                        

Unicode

သူမဟာ ဝူကျိမှမျက်လုံးလှန်ကြည့်လာတော့ အားတတ်သရော်ထပ်ပြောတော့၏။

"သေချာတာပေါ့ အလကားတော့မဟုတ်ဘူး..ငါက မြွေလေးတွေကိုအရမ်းချစ်တတ်တယ်..ငါအခုလိုချင်နေတာ မြွေအဖြူအမည်းစုံတွဲလေးပဲ..စုံတွဲဆိုမှတော့ အထီးစုံတွဲလေးဆိုလည်း ကိစ္စမရှိပါဘူး..အဲ့တော့ မင်းတို့ငါ့အတွက် မြွေလေးတွေဖြစ်ပေးမလား..ပြီးတော့ ထာဝရအတူနေနိုင်ဦးမှာ ဘယ်လိုလဲ.."

သို့သော် ထိုထူးခြားဆန်းကြယ်ကိစ္စများကိုယုံကြည်မှုမရှိသော ဝူကျိဟာ လူလိမ်တစ်ယောက်က သူ့အားလာလိမ်နေသည်ဟုသာ မြင်နေမိသည်။သူဟာ ဘုရင်ကိုယ်တိုင်ယုံကြည်ခဲ့သော ထာဝရအသက်ကိုတောင်မယုံကြည်ခဲ့သူပါ။

"ကျွန်တော့်ကို လာလိမ်မနေနဲ့.."

"ဟယ်.. ရိုင်းလိုက်တာဟယ်..နင့်လိုအနုတ်စုတ်ဂုတ်စုတ်လူသားကိုလိမ်တော့ဘာရမှာလဲ.. လူလိမ်တွေလို ပိုက်ဆံရလို့ ငါတို့နတ်ပြည်မှာသုံးလို့စွဲလို့ရလည်းတစ်မျိုးပေါ့.."

"ကျွန်တော်မယုံဘူး..ဒါဆို ခင်ဗျား အရင်ဆုံး အာရန်ကိုအသက်သွင်းပြ..သူသာအသက်ပြန်ရှင်ရင် ကျွန်တော်ချက်ချင်းသဘောတူပေးမယ်.."

နတ်ဘုရားမလေးဟာ အာရန်ခန္ဓာကိုယ်ကို သူ့အစွမ်းဖြင့် မြွေဖြူလေးတစ်ကောင်ပြောင်းလိုက်ပြီး မြွေဖြူလေးဟာ သတိရလာတာနဲ့ ဝူကျိကိုယ်ပေါ်ကချက်ချင်းဆင်းကာ ရှောင်ကျန့်စီချက်ချင်းထွက်ပြေးသွားသည်။ဝူကျိပုံစံမှာ မနာလိုစိတ်ပြင်းပြသွားသူတစ်ယောက်လို ဒေါသထွက်သွားရတော့၏။

"အာရန်..မင်း ပြန်လာခဲ့စမ်း..!!!"

သူဟာ မြွေလေးကိုပြန်ဖမ်းမိသော်လည်း မြွေလေးဟာတော့ သူ့လက်များကိုအမြီးဖြင့်ရိုက်ပုတ်ကာ မြွေသံပိစိလေးဖြင့် ဒေါသထွက်စွာမာန်ဖီလိုက်သေး၏။မြွေလေးဟာ ဝူကျိကိုလုံးဝသဘောမကျပုံပင်။အစွယ်လေးတစ်ပြူးပြူးဖြင့် မာန်ဖီနေသောမြွေဖြူလေးရဲ့မျက်ဝန်းလေးများဟာလည်း ပြူးကျယ်လို့နေပြီး အာရန်လူသားဘဝတုန်းက အခုလိုပြန်ပြန်အော်ဖူးသည်ကို ဝူကျိသတိရမိသည်။

WRONG WAY [completed]Where stories live. Discover now