Unicode
နတ်ဆိုးတိုင်းပြည်ထဲတွင် မဖြစ်စဖူးပွဲတော်ကြီးတစ်ခုလို မီးရှုးမီးပန်းများဖောက်လျက် တိုင်းသူပြည်သားများက အထိန်းအမှတ်နေ့တစ်ခုလိုအော်ဟစ်ပျော်ရွှင်နေကြ၏။ဟောက်ရွှမ်းက မျက်နှာမသာမယာဖြစ်နေသော သူ၏ညီဖြစ်သူရဲ့ပုခုံးအားတွန်းတိုက်လိုက်တာကြောင့် အနှီဝတ်စုံအနီနဲ့လူမှာ အိမ်မက်ကလန့်နှိုးသူပမာဖြစ်သွားရသည်။
"မဂ်လာနေ့ကြီးမှာဘာလို့မျက်နှာက ဆူပုပ်နေရတာလဲ.."
တစ်ဖက်လူရဲ့အမေးဟာ အသိနဲ့သတိမကပ်သူ ဝမ်ရိပေါ်အတွက်အူကြောင်ကြောင်နိုင်လွန်းလှသည်။
"မဂ်လာနေ့..?? ဘယ်သူ့မဂ်လာနေ့လဲ..?"
ဟောက်ရွှမ်းဟာ ခေါင်းကိုကုတ်လျက် ညီဖြစ်သူရဲ့ကိုယ်ပေါ်မှ ဝတ်ရုံအနီကိုဆွဲလှုပ်ယမ်းပြလေသည်။
"ဘယ်သူရမှာလဲ..မင်းပေါ့..မင်း....ဧကန်န.."
တစ်ဖက်လူရဲ့လည်စေ့ထင်းထင်းလေးမှာ အထက်အောက်ရွေ့လျားသွားကာ မျက်လုံးမှာလည်းပြူးသွားရသည်။ထို့နောက် ဘာမှမဖြစ်သလိုနဲ့ မျက်တောင်များကိုသာ တစ်ဖျက်ဖျက်ခတ်လေသည်။
ဟောက်ရွှမ်းက ဆက်ပြောသည်။
"ဧကန်န မင်းပျော်လွန်းလို့အသိမေ့သွားတာများလား..?
ဝမ်ရိပေါ်..မင်းပျော်မယ်ဆိုတာသိပေမဲ့ ကိုယ့်မဂ်လာပွဲကိုတော့ မေ့ရလောက်အောင်ထိမပျော်ပါနဲ့ကွာ..အင်းးးး"အခုထိအသိမကပ်သလိုဖြစ်နေတဲ့ဝမ်ရိပေါ်အား ဟောက်ရွှမ်းက သနားနေသည့်ပုံနဲ့ခေါင်းသာတစ်ငြိမ့်ငြိမ့်ဖြင့်ကြည့်နေလေ၏။ပြီးနောက်ခေါင်းကို ခါသည်။
"နောက်ဆုံးတော့ ငါ့ညီလေးတောင် မဂ်လာဆောင်တော့မှာပါလား..ငါလည်း ကျိရန်ကောနဲ့ဘယ်တော့ယူရမလဲ နေ့ကောင်းရက်သာရွေးနေပါပြီကွာ..မင်းအဲ့လောက်ပျော်ပြနေတာ ငါ့ထက်အရင်မဂ်လာဆောင်သွားတဲ့မင်းကို မနာလိုစေချင်လို့မလား..?
ဝန်ခံပါတယ်ကွာ ဝန်ခံပါတယ်..ဒါပေမဲ့ကွာ ကလေးတစ်ယောက်ရပြီးမှ မဂ်လာဆောင်တာကိုတော့ အားမကျပါဘူးနော်.."ဝမ်ရိပေါ်က အိမ်မက်မှအလန့်တကြားနှိုးလာသူလို ဟောက်ရွှမ်းနဲ့ဘေးပက်ပက်လည်ကိုကြည့်လိုက်ရာတွင် သူ၏လက်အောက်ငယ်သားများနဲ့ မိဘနေရာတွင်တော့ သူ၏အဖေနဲ့မျှော်လင့်ခြင်းနတ်သမီးထိုင်နေကာ တစ်ဖက်တွင်တော့ ကောင်းကင်တိုင်းပြည်မှ ရှောင်ကျန့်ရဲ့အဖေနဲ့အမေနဲ့ကအသီးသီးထိုင်နေကြကာ အချင်းချင်းစကားတီတိုးပြောနေကြပြီး အားလုံးကပြုံးရွှင်နေကြလေ၏။
