Unicode
"ဘာလို့ ရှောင်ကျန့်နဲ့ ယွဲ့မင်းက.."
ရှင်းယောင်က ပန်းချီကို ဓာတ်ပုံရိုက်ချင်ပေမဲ့ သူမမှာဖုန်းပါမလာခဲ့ပေ။သူမအကျီရင်ဘတ်မှာချိတ်ထားတဲ့မျက်မှန်ကိုတပ်လိုက်၍ ပန်းချီရဲ့ဘေးအစွန်းဘက်ကိုသေချာကြည့်လိုက်သော်လည်း ဒေါင်လိုက်ရေးထားတဲ့စာလုံးများကို သူမနားမလည်ပေ။ဘာလို့ဆို ထိုစကားလုံးများက ရှေးတရုတ်စာများဖြစ်နေသောကြောင့်သာဖြစ်သည်။
"ဘောပင်..ဘောပင်..အာ.."
ကျောင်းအကျီအိတ်ထောင့်မှာ အမြဲဘေပင်ညှပ်ထည့်ထားတတ်တာ ဒီတစ်ခါတော့အကျိုးရှိသွားခဲ့ပြီ။
သူမရဲ့အကျီလက်ရှည်ဖုံးထားတဲ့ လက်ဖျံမှာ ရေးလိုက်ကာ အခန်းထဲကထွက်လာကာ အခန်းထဲပြန်ဝင်ချိန်..
"ယွဲ့..ယွဲ့မင်း.."
"အိမ်သာသွားတာကြာလိုက်တာ.."
မျက်မှန်အောက်မှ မျက်လုံးက အနည်းငယ်ထူးဆန်းနေကာ မသိရင်ရှင်းယောင်ကို စစ်မေးနေသကဲ့သို့။ရှင်းယောင်းဟာ အကြည့်ကိုချက်ချင်းလွဲပစ်လိုက်ရသည်။မဟုတ်ရင် သူမတွေ့ခဲ့..လုပ်ခဲ့သည့်အရာမှန်သမျှကို ပြောပြမိတော့မည်။သူမရဲ့လက်များက ချွေးများထွက်လာသလို နှထင်နားမှလည်ပင်းအထိ ချွေးများစီးကျလို့နေပြီ။
"ငါ..နည်းနည်း..အစားသောင်းကြမ်းမိသွားတယ်..ဟဲဟဲ.."
"ရှောင်ကျန့်တို့ကပြန်တော့မယ်တဲ့.."
"ဟမ်..ဘာလို့လဲ.."
သူမက ပုံမှန်လိုသာပြုမူလိုက်သည်။တစ်ကယ်တော့ သူမတို့ရောက်နေတဲ့အချိန်ဟာ ကြာနေပြီးဖြစ်ကာ မိုးလည်းချုပ်တော့မှာကြောင့် ရှောင်ကျန့်ပြန်ချင်တာမဆန်းတော့ပေ။
"အာ..မိုးချုပ်တော့မှာပဲ ဟုတ်တာပေါ့..ပြန်သင့်ပြီပဲ.."
ဝမ်ရိပေါ်နဲ့ရှောင်ကျန့်က ရှင်းယောင်းကိုအိမ်ပြန်လိုက်ပို့ပေးပြီးနောက် အိမ်သို့ပြန်လာကြသည်။
"အလှလေး..ကိုယ်တို့နောက် လိုက်နေတဲ့သူရှိတယ်.."
"ဟမ်..ဘယ်မှာလဲ.."
