57K 2.6K 119
Unicode
ငါ့နာမည်က ရှောင်ဖုန်းပါ။ပေကျင်း ချင်တက္ကသိုလ်ရဲ့ ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်။မိဘတွေကတော့ နန်ကျင်းမှာ။ငါကတော့ ဒီမှာ ကျောင်းလာတက်ရုံလေးရယ်။ငါလေးက အထက်တန်းနှစ်အထိ စာတော်တဲ့ စံပြကျောင်းသားကောင်းတစ်ယောက် ဖြစ်ခဲ့သေးတယ်။
အမှတ်ကောင်းကောင်းနဲ့ကို ချင်တက္ကသိုလ်ကို ရောက်လာဖြစ်ပေမဲ သောက်ကျိုးနည်း ပေကျင်းကို ရောက်လာခဲ့မိတာက ငါ့ရဲ့ စံပြကျောင်းကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို အထက်အောက် ပြောင်းပြန်လှန်ပစ်မိလိုက်သလိုဘဲ။
ကျောင်းတက်ရတာ ပျော်ဖို့ကောင်းလွန်းလို့ ကျောင်းတွင်းပြစ်မှု ကျုးလွန်ကြတဲ့ ကျောင်းသားစာရင်းမှာဆို ငါ့နာမည်က ထိပ်ဆုံးကဘဲ။ငါ့မိဘတွေကလည်း ချင်တက္ကသိုလ်အထိ တက်ခွင့်ရတဲ့ သားတော်မောင် ငါလေးကို အတော်လေးကို ယုံကြည်ပေးကြတယ်။
ငါလေးက ငါလေးတောင် မသိလိုက်ဘဲနဲ့ နန်းကျင်းမြို့ ဟော်ချိုးရပ်ကွက်ရဲ့ ဂုဏ်ထူးဆောင် ကျောင်းသားလေးတောင် ဖြစ်နေခဲ့တယ်။မိဘတိုင်းက အလားတူပါဘဲ။ကိုယ့်သားသမီးက ဘယ်လောက်တော်ကြောင်းသာ ချီးမွန်းခန်း ဖွင့်ခွင့်ရမယ်ဆိုရင်တော့ ကမ္ဘာပတ်ပြီးတောင် ပြောနိုင်ကြတဲ့ အမျိုးတွေ။
ငါနောက်ဆုံးနှစ်ကို သူများနဲ့မတူအောင် တက်နေခဲ့တာ သုံးနှစ်ရှိခဲ့ပြီ။မိဘတွေကိုတော့ ငါလေးက စာတော်လို့ ပညာသင်ဆုနဲ့ ကျောင်းဆက်တက်နေခဲ့တယ်လို့ဘဲ ပြောထားလိုက်တယ်။သူတို့ခမျာ လတိုင်း ငါလေးကို ပိုက်ဆံလွှဲပေးရတာလဲ အမော။ငါလေးလည်း နောက်ဆုံးနှစ်ကို သုံးနှစ်ကြီးတက်နေရလို့ ပျော်နေတယ်ရယ်လို့တော့ မဟုတ်ခဲ့ပါဘူး။ပထမတစ်ကြိမ် စာမေးပွဲကျတုန်းကတော့ နောင်တအကြီးကျယ်ရခဲ့တယ်။
အဲ့ဒါကြောင့်လည်း ပထမတစ်နှစ်ရဲ့ သင်ခန်းစားအနေနဲ့ ဒုတိယတစ်ခါ ကျောင်းပြန်တက်တော့ ငါအကြိုက်ဆုံး Game Itemတွေကိုတောင် စွန့်လွှတ်ပစ်ခဲ့သေးတာ။မင်းတို့ သိရဲ့လား အဲ့ဒါက ငါ့အတွက်တော့ မဟာ့မဟာ စွန့်လွှတ်မှုကြီးတစ်ခုဘဲ။21ရာစု ကြီးက ဒီလောက်တိုးတက်နေတာ ငါဆော့ချင်နေတဲ့ mobile gameတွေနဲ့ Chinese Ghost Story gameတွေမှ အပုံလိုက်ကြီးဘဲ။
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ