Unicode
ကျယ်လောင်လွန်းလှသည့် အဆက်မပျက် ပေါက်ကွဲသံအရှည်ကြီးတွေ ပြီးဆုံးသွားပြီးခဲ့သည့် နောက်မှာတော့ ရှောင်ဖုန်းတစ်ယောက်လည်း ဝိညာဥ်လေးပင် လွင့်ထွက်သွားလိမ့်မည် ထင်သည်။
''ချင်းလန်ရဲ့ ဥသေးသေးလေး'' updateကြောင့်ဘဲ ငါလေးတော့ သေတာတောင် အရှက်တကွဲ သောက်ကျိုးနည်း!
ရေချိုးခန်းထဲက ထွက်လာခါစ ခါးအထက်မှာလည်း တဘက်ကလေး တစ်ထည်ဘဲ ကပ်နေခဲ့သေးတဲ့ ငါလေး!
စဥ်းစားကြည့်ရုံနဲ့တင်...
အိုက်ယိုး လွင့်ပါထွက်သွားသေးတာဆိုတော့ ခါးဝတ် တဘက်ကလေးတောင် ကပ်နေတော့မယ် မထင်ဘူး။
''ချင်းလန်ရဲ့ ဥသေးသေးလေး''ကိုသာ ဆယ်ခါပြန်လောက် ပြေးFuckပစ်လိုက်ချင်မိသွားတယ် တကယ်!မားမားနဲ့ပါးပါးလည်း အခုချိန်များဆို သူတို့၏ အပေါ်မှာ သုံးနှစ်သုံးမိုးကြီးများတောင် လူလည်ပတ်ကား လုပ်ခဲ့တဲ့ ငါလေးရဲ့ အဖြစ်မှန်တွေကို သိသွားလောက်ကြပြီး၊
ငါလေးကို လူပြန်ဖြစ်ရင်တောင် အိမ်က ခွေးအဖြစ် ဝင်စားခိုင်းဖို့ရာက သေချာမနေတော့ဘူး။"ကိုယ်လုံးတီး သေဆုံးခဲ့ရသည့် ချင်တက္ကသိုလ်ကျောင်းသား!''ဆိုသည့် ထိပ်သီးသတင်းကိုလည်း ချီလင်လေးတစ်ယောက် သိနှင့်ပြီးလောက်ရောပေါ့။ငါလေးကတော့ ဆယ်ခါပြန် လဲသေပစ်ရင်တောင် သောက်ကျိုးက နည်းနေဦးမှာဘဲ။
ဒီဘဝရဲ့ ငါလေးသဘောအကျမိခဲ့ဆုံး တစ်ခုက...
''ချင်းလန်ရဲ့ ဥသေးသေးလေး''ရေးတဲ့ ''နှစ်တစ်သောင်း အမှောင်ညများ'' ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်လေး ''ချင်းလန်ရင်း''ကို နောက်ဆုံးအကြိမ်လေး အဖြစ်နဲ့ သဘောကျ မြတ်နိုးခွင့်လေး ရလိုက်တာကိုပါဘဲ။ငါလေးက စွဲလမ်းတကြီးနဲ့ကို သေပွဲဝင်ခဲ့ရတာ။
''ချင်းလန်ရဲ့ ဥသေးသေးလေး'' ကိုယ်တိုင် ဆွဲပေးထားတဲ့ ဗီလိန်လေး ချင်းလန်ရင်းရဲ့ fan artလေးကိုဆိုရင် မျက်လုံးထဲကကို ထုတ်မရသေးဘူး။ကြည့်ပါလား ဒီလိုမျိုး ငါလေးရဲ့ သေဆုံးခြင်းကို ဘယ်သူကများ ကရုဏာထားပြီး သနားငဲ့ညှာပေးချင်မှာတဲ့လဲ?သေတာတောင် blဝတ္ထုဖတ်ရင်း ကိုယ်လုံးတီး သေဆုံးရလေခြင်းဆိုပြီး လူကြားမကောင်း သူကြားမကောင်း။ဒါပေမဲ့ အခုထိလည်း ငါလေးရဲ့ ခေါင်းထဲမှာ အချက်ပေးသံတွေက ဆူညံလို့နေသေးတယ်။လူနာတင်ယဥ်ရဲ့ ဥသြဆွဲသံကြီးတွေ...မဟုတ်မှလွဲရော!
ငါလေးမှာ အခုထိ ရှင်သန်ခွင့် ရှိနေသေးတာမျိုးလား?
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...