Unicode
အလှလေး၏ ကျွမ်းကျင်ပိုင်နိုင်လွန်းသည့် အနမ်းကြမ်းများ၏ အောက်၌ ဖူးယာလေးတစ်ယောက် လွန့်လွန့်လူးခဲ့ရပြီးနောက် အသက်တစ်အောင့်ခန့် အကြာမှာတော့ အပျာသလဲလေး ခုခံရန်အတွက် အခွင့်ရေးလေးတစ်ခုတော့ ရှားရှားပါးပါး ရလာလိုက်သေးသည်ပင်။အလှလေးက ခေါင်းအထက်မှာ ဖိချုပ်ထားခဲ့သည့် သူ၏လက်များကို အလွှတ်ပေးလိုက်ရင်း လည်ဂုတ်နေရာကိုသာ အကြမ်းပတမ်းဆွဲချုပ်ကာ နမ်းရှုတ်နေခြင်းကြောင့် ဖြစ်သည်။
အနှီအခွင့်အရေးကိုဘဲ မိမိရရ အသုံးချလျှက် ယခုတော့
ဖူးယာ၏လက်များက အလှလေး၏ ရင်ဘက်ထံသို့ အားကုန်သုံးကာပင် တွန်းထုတ်ပစ်နေခဲ့လေပြီ။သို့ပေမဲ့ ဤသူ၏ ပိုဖဲသားဝတ်စုံကြောင့်လည်း သူ၏ ကြိုးစားမှုက အရာမထင်လှဘဲ ချော်ထွက်နေခဲ့ရင်းမှ တွန်းထုတ်ပစ်ခြင်းခရီးစဥ်မှာ အတော်နှင့်ပင် အလိုရှိရာကို ခရီးမပေါက်ဘဲ ရှိနေခဲ့သည် ပြောရတော့မည်။"အင်း...အွန်း...ချင်းလန်ရင်း~!''
ထိုအချိန်တွင်ပင် အလှလေး၏ ရန်မှ လွတ်မြောက်ရန် ဖူးယာထံသို့ နောက်ထပ် ကံကောင်းမှုလေးတစ်ခု သက်ရောက်လာခဲ့သည်ဟု ဆိုရလိမ့်မည်လား?
လုံးထွေးနေခဲ့ကြသည့် လက်ရှိအခန်း၏ အပြင်ဘက်ထံမှ လွင့်ပျံလာခဲ့သည့် တံခါးခေါက်သံသဲ့သဲ့...ဒေါက် ဒေါက်...!
အနှီတံခါးကို မည်သူက ခေါက်လိုက်သည်လဲတော့ ဖူးယာ မသိသေးပေမဲ့ ထိုလူအား ဆယ်ကြိမ်လောက်ပင် မြေပြင်ကို ဦးတိုက်လျှက် ရှိခိုးပစ်လိုက်ချင်သည်ဟု တွေးနေမိသည်။
တံခါးခေါက်သံကြောင့်ဘဲ အလှလေး၏ အနမ်းစည်းချက်မှာ ခပ်ဖြည်းဖြည်းချင်းလေး အားလျော့သွားခဲ့သယောင်ဆိုပေမဲ့ ဘယ်နှယ့် ဒီအလှလေး အတော်ဆိုးရွားပါသည်၊မပြတ်တမ်း နမ်းရှုတ်နေဆဲသာ ရှိနေသေးသည်။"အိမ်ရှေ့စံဖူးယာ...ကိုယ်ပါ ရှုဖုန်း...ကိုယ် ဝင်လာခွင့်ရှိမလား?''
ဖူးယာခမျာတော့ ပုခုံးလေးများပင် သိမ့်ကနဲ တုန်သွားမိလျှက်။တံခါးခေါက်သံကြောင့်လည်း အလှလေးက သူ၏ အနမ်းများအား အလိုက်သင့်ပင် ရုတ်သိမ်းပေးလိမ့်မည်ဟု ထင်ထားမိသည်ကို။သို့သည့်တိုင် စည်းချက်မှန်မှန်လေးသာ အပေါ်တစ်လှည့် အောက်တစ်လှည့်စီ ဆွဲ၍စုပ်ယူကာ နမ်းရှုတ်နေခဲ့ရုံ။အပြင်ကလူ ဤကဲ့သို့ အသံပေးနေပြီလေ။တကယ့်ကို သောက်ကျိုးနည်းသည့် အလှလေးပါဘဲ!
YOU ARE READING
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Historical FictionCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...