Part-9စပ်စပ်ယိုအောင်လှတယ်/စပ္စပ္ယိုေအာင္လွတယ္

11.2K 1.5K 44
                                    

Unicode

ဖူးယာလေး(ရှောင်ဖုန်း) အချိန် မည်မျှအထိပင် အိပ်လိုက်မိသည်ကို မခန့်မှန်းတက်။နှာဖျားထိပ်၌ ဝေ့သီနေခဲ့သည့် ဟင်းခပ်အမွှေးနံ့ကြောင့်လည်း မျက်လုံးများပင် မပွင့်သေးခင် ဝမ်းဗိုက်ကတော့ အချက်ပြနေခဲ့လေပြီ။အစားအသောက်နှင့် အိပ်စက်ခြင်းတွင်တော့ ကမ္ဘာနှစ်ခုလုံးတွင် ဖူးယာကသာ ပြိုင်ဘက်ကင်းပင်။

ဆတ်ကနဲသာ ထထိုင်ပစ်လိုက်ရင်း ပတ်ဝန်းကျင်ကို အရင် စူးစမ်းမိသည်။မနေ့ကသူ အလှလေးနှင့် တစ်ခန်းထဲ သုံးဖြစ်ခဲ့သည်ကို ဖျက်ကနဲပင် သတိရလိုက်မိရင်း ကိုယ့်နှဖူးကိုယ်သာ ပက်ကနဲ မြည်အောင် ရိုက်ချပစ်လိုက်မိပါတော့သည်။

အလှလေး၏ sleeping beautyလေးအား အဝအလင်ပင် ခံစားပစ်မည်ဟုပင် တေးမှတ်ထားခဲ့မိသည်ကို။အိပ်ပျော်သွားသည်နှင့် သူ၏လည်ပင်းကို ဆင်ဖြတ်နင်းသွားခဲ့မည်ဆိုလျှင်ပင် နိုးနိုင်မည်မဟုတ်သည့် ကိုယ့်ကိုကိုယ်သာ အပစ်တင်လိုက်မိတော့သည်။

အခန်းအနှံ့ ပတ်ကြည့်ကာ မျက်စိကစားမိသည်။အခန်း၏ ညာဘက်ထောင့်က စာပွဲအဝိုင်းတစ်ခုတွင် အလှလေးက သူ့အား ကျောပေးလျှက် ထိုင်ကာ ရှိနေခဲ့သည်။ထို့အပြင် အနှီစားပွဲပေါ်တွင်ဘဲ အစောပိုင်းက သူ၏နှာဖျားထိပ်၌ ဝေ့သီနေခဲ့သည်ဆိုသည့် ဟင်းပွဲများ၏ အငွေ့အသက်များကိုလည်း ထောင်းထောင်းနှင့် လှိုင်လှိုင် လှမ်းမြင်နေရသည်။

အတွေးစများကို ဖြတ်တောက်ပစ်လိုက်ရင်း လျှာဖျားလေးအား နှခမ်းတစ်လျှောက် ပွတ်စွဲလိုက်လျှက် ယခုတော့ အလှလေးရှိနေရာ ထမင်းစာပွဲ၏ အရှေ့သို့ အပြေးလေးသာ သွားဝင်ထိုင်လိုက်ပါပြီ။

အလှလေးက ဆိုလာသည်။

"နိုးပြီလား?''

"အိုး...မဂ်လာမနက်ခင်းပါနော် ချင်းလန်လေး...''

အလှလေးမှာ အသင့်ခပ်ပေးထားသည့် ထမင်းအဖြူ ပန်းကန်လုံးလေးအား ခပ်ပြုံးပြုံး မျက်နှာပေးလေးနှင့်ဘဲ သူ၏ အရှေ့သို့ ချပေးလာခဲ့သည်။အလှလေး၏ အနှီအလိုက်သိတက်မှုလေးများကြောင့်လည်း ဖူးယာက ပို၍ ပို၍ပင် အချစ်ပိုနေရသည် မဟုတ်ပါလား။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Tempat cerita menjadi hidup. Temukan sekarang