Part-12ဇာတ်လိုက်ကျော်ရှုဖုန်း/ဇာတ္လိုက္ေက်ာ္ရွုဖုန္း

9.7K 1.4K 7
                                    

Unicode

ရဲမက်လေးခေါ်ဆောင်ရာ အနောက်သို့ သွားဖြီးလေးနှင့်သာ လိုက်လာခဲ့မိရင်း အနည်းငယ် လှမ်းလာသည့်နောက်တော့ အစောပိုင်းက တည်းခိုဆိုင်၏ အရှေ့နှင့် မတူဘဲ ကွဲပြားသည့် လူရုံကြီးအား တွေ့လိုက်ရတော့သည်။အသံပေါင်းစုံနှင့်လည်း မိုးလုံးပြည့် ညံညံစာလျှက် ရှိနေခဲ့သည်။

တစ်ချို့လူများက သူတို့၏ပါးစပ်ထဲတွင် သေရည်များ ငုံခဲထားခဲ့ပြီး လက်ထဲက မီးတုတ်ကြီးထံသို့ ဖူးကနဲပင် မှုတ်ထုတ်ပြလိုက်သည်နှင့် ကြီးမားသည့် ဧရာမမီးလျှံကြီး ထွက်ပေါ်လာခဲ့သည်။ဤပြကွက်ကို ကြည့်ရှုကာပင် လူအုတ်ကြီးမှာလည်း လက်ခုပ်သြဘာများရော၊အာမေဋိတ်အသံပေါင်းများစွာပါ ညံစာလျှက် အားပေးကာ ချီးမြှောက်နေခဲ့ကြတော့သည်။

ဖူးယာခမျာတော့ အနှီလူအုတ်ကြီး၏ အကြားထဲသို့ ခေါင်းလေးသာ ဝင်တိုးနိုင်ခဲ့တာပါ။အရပ်ရှည်သည့် ကောင်လေးလည်း မဟုတ်သည်မို့ လူအုတ်ကြီး၏ အနောက်ကနေ ခုန်ဆွဆွလေးလုပ်ကာသာ ကြည့်ခွင့်ရခဲ့သည်။

တစ်ဖန် အရွယ်အစား အသင့်အတင့်ရှိသည့် ဆီးချိုသီးရဲရဲလေး ဆယ်လုံးလောက်ကို လေထဲသို့ ပစ်ဝဲလိုက်ကာဘဲ လက်နှစ်ဖတ်ထဲ၌ အဆက်မပြတ် ပုတ်ထုတ်လိုက် လှမ်းဖမ်းလိုက်နှင့် လူအများ၏ အမြင်အာရုံကို အသေအလဲ ဖမ်းစားထားသည့် ဖျော်ဖြေမှု အသေးစားလေးများရော...!

လူအများ၏ နောက်မှ အရပ်လေး ထောက်လိုက် အားမရပြန်တော့ ခုန်ဆွခုန်ဆွလေးလုပ်လိုက်နှင့် ဖူးယာလေးကတော့ဖြင့် တခစ်ခစ်နှင့် အင်မတိအင်မတန်မှကိုလည်း သဘောများ ခွေ့နေခဲ့လေတော့သည်။

"သခင်လေးချွေ့ ဟိုဘက်မှာ ဖတ်ထုတ်ပေါင်းတွေလည်း ရှိတယ်။အဲ့ဒါက အရမ်းလည်း စားကောင်းတာဘဲ...''

တစ်ခွန်းနှစ်ခွန်း ခေါ်စကတော့ ရှို့တို့ရှန့်တန့် ဖြစ်နေခဲ့သေးဟန်ပေမဲ့ ခေါ်ဆိုသည့် အခေါက်အရေအတွက် များလာသည်နှင့် ရဲမက်လေး ဟိုင်ရွေ့၏နှုတ်မှ ''သခင်လေးချွေ့''ဟု ခေါ်သံသည်ကား သဘာဝကျလာခဲ့သည်။အစားအသောက်သာဆို မီးလိုဝင်းဝင်းတောက်တက်သည့် ဖူးယာကလည်း နှစ်ခါပင် မခေါ်ဆိုလိုက်ရဘဲ အမြီးလေးမပါ၍ မနံ့ရရုံတမယ်ပင် လိုက်သွားဖြစ်လိုက်သည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Where stories live. Discover now