Unicode
ဖူးယာတို့ ချစ်ကြည်ရေးစစ်တပ်ကြီး၏ လျောင်နိုင်ငံ အပြန်ခရီးစဥ်ကို ရှုဖုန်းအား နှုတ်ဆက်ပြီးနောက် စတင်ခဲ့သည်။''နေရာဟောင်းမှာ ကိုယ်လာတွေ့မယ်...စောင့်နေဆိုသည့် ဖူးယာပင် နားမလည်နိုင်ခဲ့သည့် စကားကိုလည်း ခရီးမစခင် အချိန်တစ်ခုအထိ ဆက်တိုက်ဆိုသလို အသိပေးနေခဲ့သေးသည်။
မိမိပင် သိမထားသည့် ''နေရာဟောင်းဆိုသည်ကြီးကိုလည်း ဖူးယာ ခေါင်းအရှုပ်ခံကာ စဥ်းစားမနေချင်ဘူး။ခရီးစတင်လိုက်ပြီဆိုသည့် အချိန်ကတည်းက ဖူးယာ၏ ခေါင်းထဲ၌ ရှုဖုန်းဆိုသည်က မြူမှုန် မြူခိုးသာသာ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့်တင် မေ့ပျောက်သွားနိုင်ခဲ့သည့် အမည်နာမတစ်ခုသာ ဖြစ်ခဲ့သည်။
ယခုအချိန်တွင်တော့ သေချာပေါက် အလှလေး၏ အပစ်ဒဏ်ပေးခံရခြင်းဆိုသည့် အကြောင်းအရာကြီးကသာ ဖူးယာဦးနောက်ထဲမှာ ပြေးလိုက် လွှားလိုက် ဖြစ်လို့နေသည်။
ဖူးယာကိုယ်တိုင် သတ္တိမွေးကာ အလှလေးကို ပြန်လည်၍ ကယ်တင်ပေးမည်ဟု စိတ်အစုံကို တင်းခံထားမိသည့်တိုင် ကိုယ်ခံပညာလေးပင် တက်မြောက်ထားခြင်းမရှိခဲ့သည့် သူ့အတွက်ကတော့ ဤသည်မှာ အင်မတန် ခတ်ခဲလွန်းလှပါသည်လေ။သူသည်ကား ချွေ့ဖူးယာ၏ ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့ရုံ။ချွေ့ဖူးယာ တက်မြောက်ထားခဲ့သည့် မည်သည့်အတက်ပညာမျိုးကမျှလည်း သူ၏မှတ်ဉာဏ်ထဲတွင် ကျန်ရစ်မနေခဲ့ဘူး။ဤသည်က မင်းသားတစ်ဦး တက်မြောက်ထားသင့်သည့် မည်သည့်ပညာရပ်မျိုးကိုမဆို ဆိုလိုသည်။ကိုယ်ခံပညာပါ မကျန်ပေါ့။လူပျော့လူညံ့တစ်ယောက်သာ ဖြစ်လျှက် ကိုယ်တိုင်ကပင် အနှီနေရာဖြင့် နေသားကျနိုင်ရန် ရေလိုက်ငါးလိုက် ကြိုးစားနေရသည် အခြေနေမျိုးပင်လေ။
အလှလေး၏ မျက်နှာလေးကိုဘဲ မြင်ယောင်နေမိရင်း ခေါင်းတစ်ခုလုံးထဲမှာလည်း အလှလေး၏ အကြောင်းများနှင့်သာ ပြည့်နေခဲ့တော့ ယခုဖူးယာခမျာ အသက်ရှုရပင် လေးကန်လာမိသလို။ခရီးလမ်းက ရှည်လွန်းသည်ကြောင့်ပင်လား သို့မဟုတ်လည်း စိတ်ပင်ပန်းရလွန်း၍ပင်လား?
ဖူးယာ အနှီမြင်းလှည်းပေါ်တွင်ပင် အိပ်မောကျသွားခဲ့သည်။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ŞİMDİ OKUDUĞUN
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Tarihi KurguCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...