Unicode
ဆယ်ချက်ခန့်အထိပင် ရိုက်နှက်ခံရပြီးသည့်တိုင် သူ၏အသိစိတ်ကတော့ အကောင်းတိုင်းသာ ရှိနေဆဲဘဲ။ဒါက တကယ်ကို သောက်ကျိုးနည်းအောင် ကံဆိုးလွန်းနေလို့ မဟုတ်ဘူးလားလို့တောင် သူတွေးမိလာသည်။ဒီအချိန်မျိုးတွင်သာ မေ့မြောသွားခဲ့သည်ရှိသော် နောက်မနက်ခင်းမှာ သေချာပေါက် မိုးနတ်မင်းကြီးကို ဖင်ဘူးထောင်း ထောင်သည်အထိ ကုန်းကုန်းပြီးကို ကန်တော့ပစ်လိုက်မည်။
သို့သော်လည်း ဖူးယာ၏ဘဝက မယ်တော်ချွေ့ယင်းကဲ့သို့ သုံးပြည်ထောင်၏ မေတ္တာရှင်မျိုးလို ပုဂ္ဂိုလ်ကပင် သနားငဲ့ညှာပေးနိုင်စွမ်းတွေ ကုန်ခမ်းသွားခဲ့လေတော့ ယခုအချိန် မိုးနတ်မင်းကြီးက ဆင်းကယ်ပေးမည်ဆိုလျှင်တောင် လွတ်မြောက်နိုင်ပါဦးမည်တဲ့လား?
ဘုတ်!...ဘုတ်!...
"အွန့်...!...အ့!......''
မနားတမ်းပင် အရိုက်ခံနေရသည်ကို တစ်ဆယ့်ငါးချက်မြောက် ရိုက်ချက်တွင်တော့ ကောင်းကင်မှ ပျံဝဲလာသည့် ခိုငှက်တစ်ကောင်က အလိုက်မသိစွာပင် ဖူးယာ၏ပုခုံးအထက်သို့ လာရောက်ကာ ခိုနားခဲ့သည်။မကုန်ခမ်းနိုင်သည့် အားအင်များဖြင့်ပင် ရိုက်နှက်နေခဲ့သည့် ထိုအပစ်ပေးရဲမက်ကြီးကဘဲ သူ၏ ပုခုံးအထက်က စာပို့ခိုငှက်ကို ဖမ်းယူလိုက်လေသည်။
"အရှင်မင်းကြီး အရှင့်သားရဲ့ စာပို့ငှက်လာပါတယ်''
ဖူးယာနှင့် အပြိုင်အဆိုင်ပင် အရိုက်ခံနေရသည့် ဟိုင်ရွေ့ကတော့ အချက်နှစ်ဆယ်ပြည့်သွားပုံ ရပါသည်။ဒူးထောက်နေရာမှ ထရပ်လိုက်ကာ ယခုတော့ ဖူးယာ၏ဘေးဘက်တွင် သနားကမား မျက်နှာပေးလေးဖြင့်ဘဲ လာရောက်ကာ ခစားနေရှာလေပြီ။
အနည်းငယ်မျှ စိတ်လက်မရှည်ပေးနိုင်ဟန် ခမည်းတော်က အနှီစာပို့ငှက်၏ ခြေထောက်တွင် တွဲလျှက် ချည်နှောင်ထားခဲ့သည့် စာလိပ်လေးကို ဆတ်ကနဲဘဲ ဆွဲဖြုတ်လိုက်ပေသည်။ပြီးနောက်တော့ နှာတရှုးရှုးမှုတ်ကာဘဲ စာလိပ်လေးကို ဖြည်ဟလျှက် ဖတ်ရှုတော့သည်။
အနှီစာလိပ်ကို ဖတ်ရှုနေရင်းမှာဘဲ ခမည်းတော်၏ မျက်နှာက တစ်စတစ်စနှင့် ပို၍မှုန်ကုတ်လာသည်ကို ခံစားမိသည်။မကြာလိုက်၊ခမည်းတော်မှာ အသံမာမာကြီးနှင့်ဘဲ ဆိုလာပါတော့သည်။
BẠN ĐANG ĐỌC
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Tiểu thuyết Lịch sửCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...