Unicode
ဖူးယာတစ်ယောက် အမောတကောနှင့်သာ ရှင်းဖုန်းတည်ခိုဆောင်၏ အပြင်သို့ အပြေးအလွှားလေး ထွက်လာလိုက်တော့သည်။တည်းခိုဆောင်၏ အရှေ့မှာဘဲ ကျောက်စိမ်းရုပ်ထုကြီးများ ထောင်ထားလေသည့်အလား တုတ်တုတ်မျှပင် မလှုပ်လေဘဲ မတ်မတ်ရပ်နေခဲ့ကြသည့် တပ်သားအစောင့်များကို ဦးစွာ တွေ့လိုက်ရသည်။ဖူးယာ သူတို့အထဲကနေ မည်သူ့ကိုမျှလည်း မသိသလို ရင်းနှီးခြင်းလည်း မရှိ။
မျှော်လင့်တကြီးလေးနှင့်ဘဲ ရှေ့ပြေးလေး ဟိုင်ရွေ့ကို လိုက်လံ၍ ရှာဖွေကြည့်နေမိပါသည်။သူ့ကြောင့် မျက်လုံးများ ဒဏ်ရာရကာ အခန်းတွင်းမှာ ကျန်ရစ်နေခဲ့လေသည့် မင်းသားရှုဖုန်း၏ ရန်ကနေ ကာကွယ်နိုင်ရန်မှာ ယခုတော့ အနှီဟိုင်ရွေ့ကိုသာ အားကိုရန် ရှိချေတော့သည်။
မင်းသားရှုဖုန်းနှင့် မူလဖူးယာ မဟုတ်သေးဘူး ယခုတော့ သူပေါ့၊သူ၏အနေအထားဆိုသည်ကြီးကိုလည်း ဖူးယာ တကယ် မသိတော့ဘူး။သူခမျာ အခု ခြေမကိုင်မီ လက်မကိုင်မီလေးနှင့်သာ လန့်ဖျန့်နေမိပြီး၊ အမှန်တိုင်းပြောရလျှင် မင်းသားရှုဖုန်းနှင့် ပတ်သက်သည့် ထူးဆန်းသည့် မည်သည့်ခံစားချက်မျိုးကိုမဆို သူ၏နှလုံးသားကလည်း လုံးဝကို လက်ခံမထားခဲ့ဘဲ ဗလာကျင်းသက်သက်သာ ရှိနေလေတာကို။
မူလဖူးယာက တကယ်ဘဲ ဘယ်လောက်တောင်မှ မင်းသားရှုဖုန်းကို စွဲလမ်းခဲ့တာမို့လဲ?မင်းသားရှုဖုန်း စိတ်အနှောက်ယှက် ဖြစ်ပြီး ညိုညင်လှပါသည်ဆိုသည့် သူ၏အလှလေးကိုတောင် လုပ်ကြံသက်ပစ်ရန်အထိ သူကိုယ်တိုင်က ကြံစည်ပေးခဲ့သေးသည်တဲ့လေ။လုပ်ရပ်လေခြင်းဘဲ။
မည်မျှအထိဘဲ သဘောကျ နှစ်သက်ခဲ့သည်ဆိုဦးတော့ သူ၏သနားကမား အလှလေးကိုများ လုပ်ကြံ သက်ဖြတ်ပစ်ရန်အထိပင် ကြိုးပန်းရက်ခဲ့သည်ပေါ့။သူက ချွေ့ဖူးယာ ဖြစ်ပါမည်ဆိုပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘူး။အဲ့ဒီလိုဘဲ ဒီလောကမှာ တကူးတက ဗီလိန်လုပ်မယ်ဆိုပြီး မွေးဖွားလာကြတဲ့ သူ ဘယ်မှာရှိလို့လဲ။လူ့အသက်တစ်ချောင်းဘဲကို။ဖူးယာခဗျာ ရင်ဘက်တွေတောင် နာလာသလိုမို့ တွေးပင်မကြည့်ရက်ပါပေ။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
STAI LEGGENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Narrativa StoricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...