Unicode
ဖူးယာနန်းဆောင်သို့ ပြန်ရောက်လာခဲ့တော့ ဟိုင်ရွေ့က အိပ်ရာခင်းများပင် ခင်းကျင်းနေခဲ့ပြီ ဖြစ်သည်။တစ်ကိုယ်တော် အလုပ်များနေခဲ့သည့် အနှီဟိုင်ရွေ့ကို လစ်လျူရှုလိုက်ပြီးဘဲ အခန်းထောင့်က စာပွဲမှာ ဝင်ထိုင်လိုက်ကာ ရေနွေးကြမ်း အသာ ငှဲ့သောက်နေလိုက်သည်။
စောစောကပင် သူ့အား ''မယုံကြည်ရဘူး”ဆိုကာ ကွယ်ရာတွင် သွားရောက်၍ တိုင်ပင်ကြမည်ဆိုသည့် ချင်းလန်ရင်းနှင့် ရှောင်ယွီထံကိုသာ စိတ်ရောက်လျှက် မရိုးမရွဖြစ်ပြီးလည်း စိတ်အနှောက်အယှက် ဖြစ်မိနေသည်။
သေချာပေါက် ရှုဖုန်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်နေလိမ့်မည်ကလည်း မလွဲမုချ။အနှီဝတ္ထုထဲက ရှေးရှေးခေတ်ကို ကျင်လည်ရန်ဆိုသည်က ဖူးယာငယ်ငယ်က ကြည့်ခဲ့ဖူးသည့် ရှေးဟောင်း နန်းတွင်းကားများထဲကလိုဘဲ
''သိထားတာများလေ သေဖို့ရက် နီးကပ်လေ”ဆိုသည့် သဘောတရားအိုကြီးကို သေချာပေါက် သတိကပ်ပြီး ကျင့်သုံးနေဖို့ လိုသည်။မင်းသားရှုဖုန်းနှင့် ပတ်သက်သည့်ကိစ္စမျိုးကို စပ်စုမနေခြင်းကလည်း အနည်းဆုံးတော့ ချင်းလန်ရင်း၏ သံသယမျက်ဝန်းများမှ ကင်းလွှတ်လိမ့်မည်။ဤသို့မှသာ သူလည်း အန္တရာယ်ကင်းမည်။အနှီသဘောတရားကို သူသိပါသည်။
သိပေမဲ့ တစ်စုံတစ်ယောက်၏ လှေနံနှစ်ဖတ်နင်းသည့် အမူအယာနှင့် စိတ်သာယာမှုကို ရှာနေသလို မြင်ကွင်းမျိုးကို မြင်လိုက်ရပြီးနောက်တော့ သူမှာ ရှုဖုန်းနှင့် ပတ်သက်၍ မသိသင့်သာတာ ဘာမှမရှိတော့ဟုပင် ခံစားလာရသည်။အင်အားချင်းရော အခြေအနေချင်းကပါ အင်မတန်မှ ကွာဟနေလို့ မဟုတ်ရင် အနှီသူက လှေနံနှစ်ဖတ်နင်းလျှင် သူကပါ ပြန်နင်းဖို့ လုပ်ပစ်လိုက်မည် ကြိမ်းဝါးမိသည်။
"အရှင့်သား အိုက်ယား...အရှင့်သား အရှင်းသားဗျ...''
''အေား...ဘာများလဲ...''
''အိုင်း...ကျွန်တော် ဒီလောက်ခေါ်နေတာဘဲကို...ကျွန်တော်တို့အရှင့်သား ဘာတွေများ ဒီလောက် တွေးစရာ ရှိနေတာလဲ မသိဘူး...''
''ဘာရယ်မဟုတ်ဘူး အရေးကြီးတာ မဟုတ်ဘူး...ဘာလဲ...ကိုယ်တော့်ကို တစ်ခုခုများ ပြောစရာရှိလို့လား...''
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...