Part-16 ချေးဘဲ စားနေလိုက်/ေခ်းဘဲ စားေနလိုက္

9.1K 1.4K 8
                                    

Unicode

မင်းသာရှုဖုန်း၏ ရယ်မောလိုက် ခေါင်းရမ်းလိုက်နှင့် တစ်ကိုယ်တည်း အတွေးပေါက်နေပုံကို ဖူးယာရော အလှလေးပါ ငေးကြည့်နေမိခဲ့ကြရုံ တက်နိုင်ခဲ့သည်။အလှလေးနှင့် မင်းသားရှုဖုန်း အကြား၌ မည်သို့ပင် ဆွဲညှိ၍ မရနိုင်တော့သည့် အခြေနေမျိုးများ ရှိခဲ့စေဦးတော့၊ ယခုသူ၏ အရှေ့၌ ဖြစ်ပျက်နေခဲ့သည့် အကြောင်းအရာကတော့ မင်းသားရှုဖုန်းဘက်ကသာ စတင်၍ တင်တင်စီးစီး ပြုမူနေသည်ဟု ဖူးယာမြင်မိသည်။

ထို့ကြောင့်လည်း အလှလေး၏ အရှေ့မှ ပုခုံးတို့ကို ဆန့်တန်းလျှက် မတ်မတ်ရပ်ကာသာ ချေပပေးခဲ့မိရုံကို။မထင်မှတ်ထားပါဘဲ မင်းသားရှုဖုန်းကတော့ဖြင့် သူ၏ အနှီချေပမှုတို့ကို အနည်းငယ်မျှပင် စိတ်သက်သာယာ ရပုံပေါ်မနေခဲ့ပါပေ။ဒေါသအဟုန်ဖြင့်လည်း မျက်လုံးထောင့်များကပင် နီမြန်းနေခဲ့လျှက် အံသွားများကိုပင် တင်းခဲစွာ ကြိတ်ခဲထားသည်။

သူ့ဘက်ကနေ အလှလေး၏ ပါးပြင်ကို နှစ်ချက်တိတိပင် ရိုက်နှက်ပစ်ကာ အနိုင်ယူထားခဲ့သည်လေ။ဤသည်ကိုပင် အားမလိုအားမရ ဖြစ်နေသေးသည်ဆိုတော့...

အရင်တုန်းက ဤဇာတ်လိုက်ကျော်ကြီးကို မုန်းတီးခဲ့မိသည်ဆိုသည်ထက် ယခုဆို ဖူးယာခမျာ အဆတစ်သောင်းလောက်ပင် ပို၍ ပို၍ မုန်းတီးသွားခဲ့မိပါပြီ။
အစောပိုင်းကဘဲ ပိုင်ဆိုင်ခဲ့ရသည့် အလှလေးနှင့် သူ၏ ပန်းနုရောင် လွင်ပြင်လေးကလည်း အခိုးငွေ့သယောင်ပင် ပျောက်ကွယ်သွားခဲ့ရပြီ။

ဒီလောက်အထိပင် အနိုင်ကျင့်ခံနေရပြီး သနားဖွယ်အတိကောင်းနေရှာသည့် အလှလေးကို သူကရော ဘာလို့များ ခပ်ကြာကြာလေး အနမ်းခံပေးဖို့ရာကို ငြင်းဆန်ခဲ့မိရသည်လဲ?

မြတ်နိုးရပါသော သူ့အလှလေး၏ ပါးပြင်ဖြူအုအုလေးတွေ အထက်က လက်ချောင်းရာ အမြှောင်းလိုက်ကြီးတွေ...

ရင်တွေနာလိုက်လေခြင်း...

မည်မျှပင် နာကျင်နေလိုက်မည်လဲ...?

ဤမျှလောက် အေးချမ်းပြီး ဖခင်နှင့် အကိုတော်၏ နှိပ်စက်ခြင်းနှင့် ကြဉ်ဖယ်ခြင်းကို နှစ်ပေါင်းများစွာအထိ လစ်လျုရှုကာ ရှင်သန်ပေးခဲ့ရှာသည့် အလှလေးအား အဘယ်ကြောင့်များ အညှာတာကင်းမဲ့စွာ ဆက်ဆံလျှက် ရိုက်နှက်ရက်ရသည်လဲ?

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora