Unicode
"ခုနတုန်းက အိမ်ရှေ့စံရှုဖုန်းနဲ့ ဘာတွေများပြောပြီး အဲ့ဒီလောက်အထိ သဘောကျနေခဲ့တာလဲ?''
''ကိုယ်...''
မဟုတ်သေးဘူး။အလှလေး၏ အနှီမေးခွန်းအဓိပ္ပါယ်မှာ သူနှင့်မင်းသားရှုဖုန်းကို သဝန်တိုနေခဲ့ခြင်းပင်လား?
အနှီမေးခွန်းလေး မေးပြီး မချင့်မရဲလေးဘဲ မျက်လွှာချသွားခဲ့ပြန်သည့် အလှလေး၏ နတ်ဆေးရေး ပန်းချီကားလေးအလား လှပနိုင်ပုံလေးအား ဖူးယာခမျာ အကြည့်ပင် မလွှဲနိုင် မှင်သက်ကာသာ ငေးကြည့်နေရပါပြီ။သူ တကယ်ဘဲ အလှလေး၏ သဝန်တိုမှုကို ပိုင်ဆိုင်ခွင့်ရလိုက်သည် ထင်သည်။ထို့ကြောင့်လည်း ယခုသူ့မှာ ဖင်ဝလေး မီးတေ့ပေးလိုက်သည်မို့ ပျံထွက်သွားတော့မည့် ဗျာက်အိုးလိုပင် ခံစားနေရပါသည်။ရင်ဘက်ထဲက ယားကျိကျိနှင့် ခြေမကိုင်မီ လက်မကိုင်မီလေးလည်း ဖြစ်လာသည်။ကြည်းနူးသလိုလို၊ အသည်းဘဲ ယားသလိုလိုနှင့် တစ်ချိန်တည်းမှာဘဲ ကျေနပ်သလိုလို ခံစားချက်ကလည်း ရင်ဘက်ကြီးတစ်ခုလုံး အပြည့် နေရာယူနေသေးသည်။
သို့သော်လည်း အလှလေး၏ စိတ်လေးအညှိုးမခံစေလို၍ သူမှာ ချက်ချင်းပင် ဖြေရှင်းပေးလိုပါသည်လေ။သူ၏လက်စွဲ ကပိုကရိုအပြုံးကြီးဖြင့်သာ အလှလေးထိုင်နေရာ ကုတင်ထက်သို့ ဘေးတစောင်းအနေအထားနှင့် ဝင်ထိုင်လိုက်သည်။တစ်ဖန် ပုခုံးအထက်မှသာ သိုင်းဖတ်ပေးလိုက်လျှက် ငယ်ပေါင်းကျီးဖော် သူငယ်ချင်းအထာလေးလည်း ဖမ်းလိုက်မိသည်။
"အေား...လက်စသက်တော့ မင်းလေးက အဲ့ဒါကို စိတ်ခုနေတာလား။အဟက်...မင်းရဲ့စိတ်ကလေးတော့ မညှိုးလိုက်ပါနဲ့ကွာ။ကိုယ်ပြောမယ်...အခုနက ရှေ့ပြေးတပ်သားလေးနဲ့ တွေ့တုန်း ဒီဆီမှာ ကောက်ရိတ်သိမ်းပွဲတော် ကျင်းပနေတယ်ဆိုလို့ မြို့ထဲကို လှည့်ပြီး မုန့်ပတ်စားခဲ့တာ။အဲ့ဒီမှာဘဲ မင်းသားရှုဖုန်းနဲ့ အမှတ်မထင် တွေ့လိုက်တာပါ။ဟီး ကိုယ်တကယ် ပြောနေတာ...''
မယုံသင်္ကါ ဖြစ်နေသေးသလိုလေးပင် ကြည့်လာရှာလျှက် နှုတ်ကနေလည်း...
"တကယ်ကို...အဲ့ဒီလောက်လေးဘဲလား?''
''မဟုတ်ရင်ရော...အိုက်ယား ထပ်ပြီး ဘာတွေများ ရှိနေရဦးမှာလဲ ကိုယ့်ရဲ့အလှလေးရယ်...''
BẠN ĐANG ĐỌC
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Tiểu thuyết Lịch sửCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...