Unicode
ဖူးယာ နန်းပြင်သို့ ထွက်ရန် ဝတ်စုံအပြည့် လဲကျင်းပြီးသွားခဲ့တော့ ကောင်းကင်အထက်မှာ ကြယ်ရောင် တစ်ပြောက် နှစ်ပြောက်ပင်လျှင် ဟိုနေရာ ဒီနေရာတွေမှာ ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့ပြီ။ခမည်းတို့နှင့်အတူ ညစာသုံးဆောင်ရမည် အချိန်ကိုတော့ ရောက်ရှိနေပြီ ဖြစ်သည်။ဒါကို သတိထားမိပေမဲ့ ဖူးယာ အခု တကယ်ကို ဂရုစိုက်မနေချင်တော့ဘူး။
နန်းဆောင်အတွင်းက တန်ဖိုးအရှိဆုံးဆိုသည့် တန်ဆာများနှင့် ငွေသားလက်မှတ်များကိုသာ အထပ်လိုက် ယူလာခဲ့လိုက်သည်။လျောင်နန်းတော်မှ နန်းပြင်သို့ အမြန်ရောက်နိုင်သည့် တော်ဝင်ဝတ်ပြုဆောင်၏ နောက်ကျောဘက်က လျှို့ဝှက်လမ်းမှ နှစ်ဦးသား ခပ်မြန်မြန်ပင် ထွက်လာခဲ့ကြသည်။အမြဲတစေပင် ခိုးထွက်နေကျ ဖြစ်သည်မို့လည်း ဒီကနေ့တွင်လည်း မည်သည့်အခတ်အခဲမှ မကြုံခဲ့ရ လွယ်လင့်တကူပင် နန်းပြင်သို့ ရောက်ရှိနိုင်ခဲ့သည်။
နန်းတော်အတွင်းမှ ထျင်းရှန်းဂေဟာကို ရောက်လာသည်အထိ လျောင် အိမ်ရှေ့စံလေးတစ်ယောက် ငြိမ်ချက်သား ကောင်းနေရှာသေးသည်။ဇာတ်ကြောင်းကြီး ပြောင်းလဲနေသည်ဟု တစ်ထစ်ချ ယုံကြည်ထားခဲ့ပြီး အလှလေးကိုပင် အစွမ်းကုန်တွေ ပိုးပန်းခဲ့မိသေးသည့် သူ၏အဖြစ်မှာ အင်မတန်မှကို ဆိုးရွားလွန်းသည် သူတွေးနေမိသည်။
ထိုထက်ဆိုးသည်က သူ့ခမျာ အရင်ဘဝက ဘယ်လိုမကောင်းမှုတွေကိုများ ကျူးလွန်ခဲ့မိလို့လဲ? ယခုဘဝမှာ ဆိုးရွာစွာ သေဆုံးရမည့် ခံစားချက်ကို နှစ်ကြိမ်တိတိ ခံစားဖို့ ဖြစ်လာရသည်။ရှောင်ဖုန်းဘဝမှာ သူကျူးလွန်မိခဲ့သည့် အပစ်ဆိုလို့ မားနဲ့ပါးကို နှစ်နှစ်သုံးနှစ်လေး နှစ်ပါတ်ရိုက်ပြီး ကျောင်းတက်နေခဲ့မိတယ်ဆိုရုံပါဘဲ။
ဒီဝတ္ထုထဲသို့ ရောက်လာခဲ့ပြီးနောက်လည်း သူ့ခမျာ ဟိုလူ့ကို ကြောက်လိုက်ရ ဒီလူ့ကို ကြောက်လိုက်ရနှင့် ရေလိုက်ငါးလိုက်လေးသာ နေနေရသည့် ချွေ့ဖူးယာဘဝနှင့်ဆိုလျှင့်တော့ အပစ်ကြီးကြီးမားမား ကျူးလွန်ဖို့ဆိုသည်က ပိုလို့တောင် မဖြစ်နိုင်သေးသည်လေ။မိုးနတ်မင်းကြီးက သူ့အပေါ် တကယ် အငြှိုးထားပြီးကို ဆက်ဆံနေတာ။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...