Part-7ရှိုးပဲ့တာ/ရွိုးပဲ့တာ

11.5K 1.7K 23
                                    

Unicode

မြင်းဇောင်းဘက်သို့ လက်ချင်းချိတ်တွယ်လျှက် ထွက်လာခဲ့ကြသည့် အနှီသားအမိ။တော်ဝင် စီးတော်မြင်းများထားရှိသည့် မြင်းဇောင်းကြီးမို့လည်း အတော်သင့် ကျယ်ဝန်းကာ အတော်အတန်လည်း ဟိတ်ဟန်များလို့ ထည်ဝါသည်။

မိဖုရားကြီးက သားတော်ကို ဦးစွာ မင်းသားချင်းလန်ရင်း ရှိရာသို့ သွားစေခဲ့သည်။ထိုတော့လည်း မြင်းဇောင်း၏ အဝင်ဝတွင် ကျန်ရစ်ခဲ့သည့် မိခင်အား လှည့်ပင်မကြည့်ခဲ့ဘဲ တစ်ချိုးထဲ သူ၏အလှလေးရှိရာသို့ အရောက်သွားတော့သည်ကလည်း ရှောင်ဖုန်းရယ်ပင် ဖြစ်သည်။

ဒီလိုဝတ်စားပုံကြီးနှင့် အလှလေးရှိရာသို့ သွားရသည်မှာ အင်မ​တိ အင်မတန်ရယ်မှ ရှိုးပဲ့လှသည်။သူဖြစ်ချင်တာက အလှလေးကို အထင်ကြီးစေချင်တာ။သူက အလှလေးရဲ့ မျက်လုံးထဲမှာ ယောကျာ်းဆန်ချင်တာ။အလှလေး၏ စိတ်ထဲက အားကိုးမှီတွယ်ချင်မိတဲ့ လူတစ်ဦး ဖြစ်ချင်ခဲ့တာလေ။သို့ပေမဲ အခုဝတ်စားပုံကြီးကတော့ တကယ်ကြီး feelအောက်သည်ဟုပင် တွေးမိပါသည်နော်။

မြင်းဇောင်းအတွင်း အတော်လှမ်းလှမ်းအထိ ဝင်လာခဲ့ရသည်။မြင်းထိန်း အစေပါးလေးများကတော့ သူ့ကို မြင်လိုက်ကြသည်နှင့်တင် ခါးများကို ညွှတ်ချကာ ဂါဝရပြုကြသည်။မြင်းဇောင်း၏ အထွက်ပေါက်တွင် မြင်းနှစ်ကောင်ကို ယှဥ်ရပ်ထားပြီး မြင်းကုန်းနှီးတွေပါ အသင့်တပ်ဆင်ထားပြီ ဖြစ်သည်။ဘေးဘက်တွင်လည်း ရှောင်ဖုန်း၏ အလှလေးက အနှီမြင်းများ၏ ကျောပြင်များကို ပွတ်သက်ပေးနေခဲ့လျှက် ရှိနေသည်။

ကောင်းကင်ယံက နေမင်းကြီးကတောင် လှပနိုင်လွန်းသည့် ချင်းလန်ရင်းလေး၏ အပေါ်တွင်တော့ နှစ်လိုဖွယ်အတိပြီးအောင် ဖျာကျကာ ခစားပေးနေလေသည်။ပါးပြင် ဖွေးဖွေးလေးရယ် နှခမ်း ရဲဖူးဖူးလေးရယ်အထိ။အရမ်း သဘောကျမိပါသည်။အရမ်း အရမ်းကို လှပလှပါသည်။အနှီမြင်ကွင်းက အင်မတန်မှ အဖိုးအနဂ္ဂလည်း ထိုက်တန်လွန်းသည်။

ခြေလှမ်းတို့ ဆက်လှမ်းလိုက်ဖို့ကိုပင် မေ့လျော့ကာ မက်တပ်ကြီးရပ်ရင်း ပါးစပ် အဟောင်းသားဖြင့်။တစ်ဖန်လည်း ထိန်းချုပ်နိုင်စွမ်းပင် မရှိတော့သည့် ကပိုကရို အပြုံးကြီးကလည်း အိမ်ရှေ့စံတစ်ပါး၏ အိန္ဒြေသိက္ခာမျိုးဆိုသည်က တစ်စိုးတစ်စိမျှပင် မရှိတော့အောင်။ဘေးဘက်က အစေခံလေးမှ ရုတ်ခြည်း အသိပေးလာမှသာ...

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Onde histórias criam vida. Descubra agora