Part-30 စီရင်ချက်/စီရင္ခ်က္

7.5K 1K 8
                                    

Unicode

"အိုက်ယိုး...ဘာလဲ ကိုယ့်ယောကျာ်းကို ပြန်ရွေးမိလိုက်ပြီလား!''

''မင်း!...''

သောက်ဘဲ ဘယ်လိုဟာသကြီးလဲ? နည်းနည်းမှ ရယ်စရာမကောင်းဘူးလေ ဟုတ်ပြီလား။ငါလေးရဲ့ ယောကျာ်းဟောင်းကြီး၊ သူက ဘယ်လိုလုပ်ပြီး ဒီအချိန်ကြီးမှာမှ ပေါ်လာရတာလဲ?

သူ့ကို မြှေးစင်းထားပြီး ခပ်စူးစူး ကြည့်နေခဲ့သည့် စင်ရော်တောင် မျက်ဝန်းတွေကနေ အန္တရာယ်များသည့် အငွေ့အသက်မျိုးကို အတိုင်းသား ခံစားနေရသည်။

ဒေါသတကြီးနှင့် ကြိတ်ခဲထားသည့် သွားများကြောင့်ပင်လား ယခုအလှလေးမှာဖြင့် ထင်းထွက်နေလေသည် jaw lineကြီးနှင့်အတူ အင်မတန်မှကို ခတ်ထန်စွာ လှပနေသည်ကိုလည်း သူ မမေ့လျောဘဲ ခံစားလိုက်မိသည်။သောက်ချေးလိုဘဲ။ဘယ်လိုလူကများ ဒီလိုမျိုး အချိန်ပြည့် လှပနေနိုင်လို့လဲ?ဒီသောက်ရေးမပါလှသည့် အလှအပကိုမှ စုံလုံးကန်း တပ်မက်ခဲ့မိ၍ သူ့ခမျာ ဘယ်လောက်များ အကျိုးနည်းခဲ့ရပြီးသည်လဲ?

ဖူးယာခမျာ ချက်ချင်းဆိုသလို သူ၏မျက်နှာ အိဖောင်းဖောင်းလေးကို ငိုမဲ့မဲ့လေး လုပ်ပစ်လိုက်မိပြီး...
ရှုဖုန်းကို ကြောက်ရသည်က တစ်မျိုး အလှလေးကို ကြောက်လိုက်ရသည်က တစ်ဖုံနှင့် တစ်လောကလုံးကိုပင် ပတ်ကြောက်နေရသည့် သူ၏ သောက်ဖြစ်ကြီးပင်လေ။
သူ့ကိုယ်သူ၏ ဖြစ်တည်မှုကြီးကိုသာ လခွမ်းချည်း မိုးမွှန်အောင် စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲနေလိုက်သည်။

ဤသူ့ကိုပင် မိန်းမလှလေးအထင်ဖြင့် ဆွဲဖတ်ထားခဲ့မိသည်။အသိစိတ်ကို ခပ်မြန်မြန် ပြန်ကပ်လိုက်ကာဘဲ နှစ်ဦးသား၏ အကြား၌  ခြေသုံးလှမ်းစာလောက် ကွာဝေးသွားသည်ထိကို အနောက်သို့ ဆုတ်ခွာပစ်လိုက်မိတော့သည်။ပြီးနောက်မှ မိတ်ဆွေဟောင်းကြီးကို အမှတ်မထင် ပြန်တွေ့လိုက်ရသည်မို့ ဝမ်းသာလွန်ကာ အံအားပါသင့်ရပါသည်ဆိုသည့် ဟန်ဆောင်ပြုံးတစ်ခု မျက်နှာပေါ်မှာ ကောက်တင်လိုက်လျှက် ဆိုလိုက်တော့သည်။

"အေား...မင်း...မင်း ချင်းလန်ရင်းဘဲ...ဟဲဟဲ ဘယ်သူများလဲလို့ ကိုယ်တို့ မတွေ့တာ ဘယ်လောက်များ ကြာသွားပြီလဲ...''

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Donde viven las historias. Descúbrelo ahora