Unicode
တာ့စုန်စစ်တပ်ကြီးမှာ နဂိုကတည်းက လျောင်နန်းမြို့ ဟုန်အန်းအတွင်းမှာ ရှိနေခဲ့သည်မို့လည်း လျောင်နန်းတော်သို့ ဝင်ရောက်ရန်ကို မည်မျှမှပင် အချိန်မယူလိုက်ရ။နန်းတော်ဝက ခရာမှုတ်သံကြီးနှင့်အတူ ဖူးယာတို့ နန်းတော်အတွင်းသို့ ဝင်ရောက်နေပြီဖြစ်ကြောင်းကို အတည်ပြုလိုက်ရသည်။
အထိန်းတော်ဖြစ်နေသည်မို့ မြင်းလှည်းထဲမှာ အတူထိုင်ကာ လိုက်ပါခွင့်ရလာခဲ့သည့် ဟိုင်ရွေ့က တစ်စုံတစ်ခုကို အင်မတန်မှ ကြောက်ရွံ့နေသည်ဟန်ဖြင့်လည်း ဖူးယာထံသို့ မေးခွန်းထုတ်လာခဲ့သည်။
"အ အရှင့်သား...ကျွန်တော်တို့ မနေ့ညက ခိုးထွက်တာ အရှင်မင်းကြီး သိသွားလောက်မယ် ထင်တယ်။ကျွန်တော်တို့...ကျွန်တော်တို့ အပစ်ပေးခံရရင် ဘယ်လိုလုပ်ကြမလဲဟင်...''
ဖူးယာတို့ ခါတိုင်း နန်းပြင်ခိုးထွက်ကြလျှင် မနက်ခင်းဝေလီဝေလင်း အချိန်တစ်ခုတွင်ပင် နန်းတော်သို့ ပြန်လည်ကာ ခိုးဝင်တက်ကြသည်။သို့သည့်တိုင် ယခုမှာတော့ အချိန်လင့်မှ တာ့စုန့်စစ်တပ်ကြီးနှင့် လမ်းကြုံလိုက်လာခဲ့သလိုမျိုးပင် ဖြစ်နေသည် မဟုတ်ပါလား?
ထို့ကြောင့်လည်း သေချာပေါက်ဆိုသလို အိမ်ရှေ့စံ နန်းဆောင်အတွင်း၌ ရှိမနေခဲ့သည့် သူ့ကြောင့် ရုတ်ရုတ်သဲသဲ အခြေအနေမျိုး ဖြစ်နေလိမ့်မည်။
သို့သည့်တိုင် ဉာဏ်နီရော ဉာဏ်နတ်ပါ အကျွမ်းတကျင် အသုံးချတက်သည့် ဖူးယာပင်မို့ အနှီအခြေအနေကို ကြောက်လန့်စရာကောင်းသည်ဟု မခံစားရသည့်အပြင်
လူလည်ကျတော့မလို အပြုံးတွန့်တွန့်လေး တစ်ချက်ပင် ပြုံးရယ်လိုက်ပါသေးသည်။"အဟက်...မင်းအဲ့ဒီအတွက် စိတ်ပူဖို့ မလိုတော့ဘူး။မနေ့က ချင်းလန်ရင်း ရောက်လာမှာကို ကြိုသိထားလို့ ခမည်းတော်ကို အံ့သြသွားအောင် အရင်သွားကြိုလာခဲ့တာလို့ ပြောလိုက်မှာပေါ့...''
"အာ...အရှင့်သားရဲ့ အဲ့ဒီအကြောင်းပြချက်က နည်းနည်းမှ ယုံစရာမကောင်းဘူးလို့ ကျွန်တော်ခံစာရတယ်။တကယ်လို့ အရှင်မင်းကြီးက မယုံရင်ရော အရှင့်သားရယ်?။အိုက်ယိုး ကျွန်တော်မျိုးတော့ ဒီတစ်ခေါက်တကယ် သေပြီ ထင်ပါတယ်...''
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ВЫ ЧИТАЕТЕ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Исторические романыCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...