13.8K 1.7K 12
Unicode
အလှလေး ချင်းလန်ရင်း၏ ပါးအို့ရဲရဲလေးနှစ်ဖတ်ကိုဘဲ သဘောတကျလေး ငံ့ကြည့်နေမိခဲ့သည်က အသက်ရှုပင် ရပ်တန့်သွားလုမတက်။အလှလေးကတော့ တကယ့်ကို အလှလေးပါဘဲ။ချင်းလန်ရဲ့ ဥသေးသေးလေးရေးတဲ့ အလှလေး ချင်းလန်ရင်းရော၊ ယခုသူ၏ အရှေ့က အလှလေးအကောင်လိုက်ကရော အင်မတိ အင်မတန်မှကို မြင်ရသူတို့၏ မျက်ဝန်းလေးတွေပင် အဖိုးထိုက်တန်သွားလေအောင်အထိ လှပနိုင်လွန်းကြသည်။
အလှလေးသာ ဤကဲ့သို့ အခွန်မဆောင်ရတိုင်း ပစ်ချောနေရင်တော့ ရှောင်ဖုန်းတစ်ယောက်မှာ သွားရည်လေး တများများနှင့် အသက်ကြီးမှ အများတကာ၏ သူငယ်နာမစင်ဘူးပင် အထင်ခံရတော့မည့်ပုံ ပေါက်နေချေပြီ။ကိုယ့်အတွေးနှင့်ကိုယ်သာ အလှလေးထံသို့ တည့်တည့်ကြီး ကြည့်ပြီးကို တဟီးဟီးတွေ လုပ်နေမိတာ။ထိုတော့ သူက အလှလေးကို အနေပင် ခတ်သွားစေရပြီ ထင်သည်။
အလှလေးခမျာ သူ၏လက်ချောင်း သွယ်သွယ်လေးများကို အချင်းချင်းပင် ပွတ်သပ်နေရှာလေပြီး အလားတူ စကားအစ ရှာနေခဲ့ပုံလေးကိုက အိုး ချစ်ဖွယ်အတိ ကောင်းလွန်းနေပြန်ပါသည်။စိတ်ထဲကနေ သက်မတစ်ချက်ဘဲ ဆွဲပင့်လိုက်မိပြီး နောက်ဆုံးတော့လည်း သူ၏အလှလေးကို အနေမခတ်စေချင်မိတာနှင့် ရှောင်ဖုန်းကဘဲ စကားစပြောဖြစ်လိုက်ပါတော့သည်။
"အဟမ်း...မစတော့ဘူးနော် မင်းလေး မပူပါနဲ့။ကိုယ်တော်ကိုယ်တိုင် ခမည်းတော်တပ်ကြီးလိုက် ချီပြီး စာရင်းသွားရှင်းတယ်ဆိုတဲ့ မင်းလေးတို့ စုန့်နိုင်ငံကို လိုက်ပြီး ဖြေရှင်းပေးမှာမို့လို့နော်။စိတ်အေးအေးလေးထား ဟုတ်ပြီလား?''
ရှောင်ဖုန်း၏ စကားကြောင့်လည်း အလှလေးမှာတော့ အတော်လေးပင် ပျော်သွားခဲ့ပုံ။သူ၏မျက်ဝန်းလေးများကပင် လခြမ်းကွေးလေးများသဏ္ဍာန် ကိုင်းကျသွားလျှက် ရှောင်ဖုန်းအား ပြုံးရယ်ပြလာခဲ့တော့သည်။ဝူးလားလား...ရှောင်ဖုန်းကလည်း သူ၏အပေါ်၌ စွန့်ကျဲပေးနေခဲ့သည့် ချင်းလန်ရင်း၏ အလှအပလေးများအား ရင်ဘက်ကြီး တစ်ခုလုံးဖြင့်ပင် အပြည့်အဝ ခံယူနေလိုက်သည်။
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Tempat cerita menjadi hidup. Temukan sekarang