Unicode
ချင်းလန်ရင်းမှာ မြင်းဒုန်းဒိုင်းစီးနှင်ကာသာ လျောင်နန်းတော်သို့ ပြန်လည် ဝင်ရောက်ရန် ပြင်ဆင်ရသည်။လျောင်နန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်က အမှန်တကယ်ပင် ထျင်းဟေးကုန်သည်အဖွဲ့ဆိုလျှင်...
ကုန်သွယ်ရေးလမ်းကြောင်း ဖောက်ထွင်းရန်ကို တစ်ချိန်လုံး လစ်လျူရှုထားခဲ့ပြီးမှ အခုချိန်မှသာ လျောင်နန်းတွင်းထံသို့ ချဉ်းကပ်လာခဲ့ရသည်က ဘယ့်ကြောင့်များနည်း။အကယ်၍ လျောင်နန်းတော်သို့ မဝင်ရောက်ခဲ့လျှင်ပင် ထျင်းဟေး၏ ခေါင်းဆောင်ဆိုသူက ရှုဖုန်းဖြစ်နေလိမ့်မည်ဆိုသည့် ချင်းလန်ရင်း၏ သံသယက မှန်ကန်နိုင်သေးသည်။
ဤကနေ့မှ လျောင်နန်းတွင်းသို့ ဝင်ရောက်လာသည်။
ဤသည်ကလည်း ဖူးယာနှင့် မိမိ နန်းပြင်သို့ ထွက်ခွာသည့် နေ့မျိုးကိုမှ တမင်ရွေးချယ်ကာ ချဥ်းကပ်လာခဲ့ခြင်းနှင့်ပင် ဆင်တူနေသည်။မိမိနှင့်ဖူးယာကို လျောင်နန်းတော်အတွင်း၌ ရှိမနေစေချင်သည့် ထျင်းဟေး၏ တကယ့် အကြောင်းပြချက်ကရော မည်သည်များ ဖြစ်နိုင်သည်နည်း။ယီး...
မြင်းဇာက်ကြိုးကို ဆွဲတင်းလိုက်ပြီး မြင်းကို ရုတ်ခြည်း ရပ်တန့်စေလိုက်သည်။အဘယ့်ကြောင့်ဆိုသော် သူအခု တစ်စုံတစ်ခုကို ဖျတ်ကနဲ စဥ်းစားမိလိုက်သည်။လှိုက်ဖိုတက်လာရသည့် သူ၏ ဗရမ်းဗတာ နှလုံးခုန်သံများနှင့်အတူ...
"မဟုတ်မှလွဲရော...ဖူးယာ!''
ချင်းလန်ရင်းခမျာ စိတ်လှုပ်ရှားလွန်းလို့ ဦးခေါင်းလှိုင်းများပင် ကြွတက်လာလျှက် အမြင်အာရုံများပါ ဝေဝါးသွားသလို ခံစားလိုက်ရသည်။သူ၏နှလုံးသား တစ်ခုလုံးကလည်း ပေါက်ကွဲထွက်ချင်နေသည့်အလား သူ၏ရင်ဘက်ထဲကနေ လူကို နှိပ်စက်နေသကဲ့သို့ မညှာမတာကို ခုန်ပေါက်နေတော့သည်။
မြင်းဇာတ်ကြိုးကို ဆတ်ကနဲပင် ဆွဲတင်းလိုက်ပြန်ကာ မြင်း၏လားရာကို လင်းရာဘုံကျောင်းထံသို့ တစ်ဖန် ပြောင်းရပြန်သည်။အနှီအခြေနေမှာ သူ့ကို ထျင်းဟေးဖြင့် တမင်မျှားထုတ်ပြီး ဖူးယာကို ခေါ်ထုတ်သွားရန် ကြံရွယ်ခြင်းမျိုးပင် ဖြစ်နိုင်သည်ဟု သူရုတ်တရက် တွေးမိလိုက်၍ ဖြစ်သည်။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
ESTÁS LEYENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Ficción históricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...