Unicode
စိတ်အနှောက်အယှက် ဖြစ်သွားရင် သာသာကကြိုပြီး တောင်းပန်ပါတယ်နော်။Fictionလေးနဲ့ ပတ်သက်ပြီး သေချာပေါက် ရှင်းလင်းပြပေးရမှာလေးတွေ ရှိပါတယ်။
အဓိကကတော့ ဒီလိုမျိုး မေးခွန်းလေးတွေကို ရှင်းပြပေးထားတဲ့ စာကြွင်းသဘောမျိုးလေးသာ ဖြစ်ပါတယ်။
ဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးလေး ဖတ်ပေးကြပါနော်။
1/
''ရှောင်ယွီနဲ့ အလှလေး ချင်းလန်ရင်းရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ?သူတို့က တအားရင်းနှီးနေကြပြီး ရှောင်ယွီက ချင်းလန်ရင်းကို ကြိုက်နေတာ တော်တော်လေးကို သိသာနေတယ်။အဲ့ဒါကို အလှလေးချင်းလန်ရင်းကလည်း အလိုက်သထိုက် သို့မဟုတ်လည်း အလိုတူအလိုပါ ဆက်ဆံပေးသလိုကြီးပါ ခံစားနေရတယ်'' ဆိုပြီးပါ။
ရှောင်ယွီနဲ့ ချင်းလန်တို့ ဆက်ဆံရေးက ရိုးရိုးရှင်းရှင်းလေးပါဘဲ။
ကျေးဇူးရှင်နဲ့ ကျေးဇူးသိတက်သူတို့ရဲ့ ဆက်ဆံရေးလေးဘဲပေါ့။Ficထဲမှာ ရေးသားဖြစ်ခဲ့တဲ့ အကြောင်းအရာ အချို့ရှိပါတယ်။မိခင်နဲ့ အဘိုးဖြစ်သူတို့ သေဆုံးပြီး ချင်းလန်က ရှောင်ယွီတို့အိမ်တော်မှာ လိုက်နေခဲ့ရတယ်။
ရှောင်မိသားစုရဲ့ နောက်ခံထောက်ပံ့မှုနဲ့ သူက စုန့်တိုင်းပြည်ကြီးကိုတောင် သိမ်းနိုင်ခဲ့ပြီး မိခင်နဲ့ မျိုးနွယ်စုတွေအတွက်လည်း လက်စားချေနိုင်ခဲ့တယ်ဆိုပြီးပါ။
ရှောင်မိသားစုက ချင်းလန်အပေါ်မှာ အဲ့လောက်အထိကို ကောင်းခဲ့ပါတယ်။သေချာပေါက် အကျိုးမျှော်ပြီး ညောင်ရေလောင်းသလိုမျိုး အစပိုင်းမှာတော့ ချင်းလန်ကို ရှုဖုန်းတို့ သားအဖရန်ကနေ လွတ်အောင် သူတို့နဲ့အတူနေခိုင်းပြီး စောင့်ရှောက်ပေးခဲ့တာဆိုပေမဲ့ နောက်ပိုင်းမှာ ချင်းလန်ကို မျိုးနွယ်စုအတွက် လက်စားချေပြီး ဘုရင်ဖြစ်အောင် လုပ်ပေးခဲ့တာကတော့ ရှောင်ယွီက မင်းတို့ထင်သလို ချင်းလန်ရင်းရဲ့အပေါ်မှာ ခံစားချက်ရှိနေခဲ့တာမို့လို့ ယူဆရပါတယ်။
ဒါပေမဲ့ အလှလေးကတော့ ပြတ်သားခဲ့ပါတယ်။ရှောင်ယွီရဲ့အပေါ်မှာ ကျေးဇူးရှင်ဆိုတဲ့ ခံစားချက်ဘဲ ရှိိနေခဲ့တာ ဖြစ်တယ်။အဲ့ဒါကို ဘယ်လိုသိနိုင်လဲဆိုရင်...
Ficထဲမှာ သာသာရှင်းရှင်းလင်းလင်းကို ဖော်ပြထားခဲ့တာလေးတွေ ထပ်ရှိပါသေးတယ်။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
STAI LEGGENDO
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Narrativa StoricaCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...