Part-51ဝရမ်းပြေးဘုရင်/ဝရမ်းပြေးဘုရင်

5.6K 714 3
                                    

Unicode

လျောင်ပြည်သို့ ကုန်သွယ်ရေး ကိစ္စဖြင့် သွားရောက်ခဲ့သည့် မင်းသမီးဂျင်ဝေထန်၏ လက်အောက်မှ လက်ပါးစေနှစ်ဦး၏ ဦးခေါင်းများကို ဖြတ်ပိုင်းကာ မွန်ဂိုနန်းမြို့၏ ဂိတ်ဝတွင် လာရောက်ချိတ်ဆွဲသွားလေသည်။

အနှီကိစ္စကြောင့်လည်း ရှုဖုန်းမှာ သေချာပေါက်ကို မချိမဆန့် စစ်ပွဲကြီးကိုတော့ ဆင်နွှဲရတော့မည်ဟု တွေးဆထားမိခဲ့သည်။သို့သော် မထင်မှတ်ထားမိစွာ လျောင်ဘုရင်ကဘဲ အနှီဦးခေါင်းပြတ်များကြောင့် စစ်ခင်းရန်ကိုသာ အတိအလင်း ဆုံးဖြတ်ချက်ချလိုက်သည့် ဂျင်ကျင်းခဲ့အား သဝဏ်လွှာ တစ်ဆောင် ပေးပို့လျှက် အနှီစစ်ပွဲကို တားမြစ်နိုင်ခဲ့သည်။

အနှီသဝဏ်လွှာထဲတွင် မွန်ဂိုမင်းသမီးကို အလိုမတူဘဲ ဖမ်းဆီးကာ မင်းသမီး၏ အစေအပါးနှစ်ဦး ဦးခေါင်းများကို ထိုကဲ့သို့ ဖြတ်ပိုင်းပစ်ရင်း မွန်ဂိုနန်းဝသို့ လာရောက်ချိတ်ဆွဲသွားလေသူမှာ ဝရမ်းပြေးဘုရင် ချင်းလန်ရင်းသာ ဖြစ်ပါကြောင်း ပါဝင်လေသည်။တစ်ဖန်လည်း အနှီချင်းလန်ရင်း၏ အုပ်ချုပ်ရေး ဘက်လိုက်မှုများကြောင့် ယခု တာ့စုန့်စစ်တပ်ကြီးမှာဖြင့် လျောင်ဘုရင်ထံသို့ လာရောက်ကာ ခိုလှုံလျှက် ရှိနေခဲ့သည်ဟူသော အချက်အပါဝင်...

မွန်ဂိုမင်းသမီးကိုလည်း လျောင်ဘုရင်ကိုယ်တိုင်က စောင့်ရှောက်ပေးထားခဲ့သည်မို့ ဂျင်ကျင်းခဲ့က အဲ့ဒီမျက်နှာနှင့်ဘဲ ငဲ့ညှာပေးပြီး ချစ်ကြည်ရေး ကမ်းလှမ်းခြင်းကို လက်ခံပေးပါဆိုသည့် တောင်းဆိုချက်မျိုးပါ ပါဝင်နေခဲ့သည်။မင်းသမီးဂျင်ဝေထန်ပါ ပါဝင်လာသည်မို့ အနှီချစ်ကြည်ရေးမှာ မလွဲဧကန် အထမြောက်ခဲ့သည်။

သို့သော် သူလက်နတ်တိုက်သို့ ပြန်ဝင်လာခဲ့ချိန်တွင်တော့ ဖူးယာတစ်ယောက် ပျောက်ဆုံးသွားခဲ့ပြီ။ငိုရခတ် ရယ်ရခတ် ဟာသတစ်ခုလိုဘဲ။ထို့အခိုက်အတန့်မှ မွန်ဂိုမင်းသမီးကို ဖမ်းခေါ်ထားရခြင်း ကိစ္စကြီးနှင့် လျောင် စုန့် နှစ်နိုင်ငံ၏ စစ်တပ်များ ရုတ်တရက်ကြီး ပူးပေါင်းပစ်လိုက်ခြင်းကပါ ချင်းလန်ရင်း၏ လုပ်ကြံစစ်ဗျုဟာ တစ်ခုသာ ဖြစ်ကြောင်းကို သူ အတည်ပြုလိုက်ရသည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Where stories live. Discover now