Unicode
အခန်းထဲ၌ ဒူးလေးထောက်ကာသာ ကျန်ရစ်ခဲ့သည့် ဟိုင်ရွေ့က ဖူးယာထံကို မျက်လုံးလေးများ ကလယ်ကလယ်လေး လုပ်ကာပင် ငံ့လင့် ကြည့်လာရှာပြီး သူမြင်လိုက်ရသည့် အနှီမြင်ကွင်းအတွက် ဖြေရှင်းချက်တောင်းခံနေသည် ပုံလေးဖြင့်။
ထိုတော့ ဖူးယာခမျာလည်း ပုံမကျပန်းမကျ ဖြစ်နေခဲ့သည့် ဆံနွယ်များကိုသာ ကပိုကရိုကြီး ပြုံးရယ်၍ ထိုးဖွနေမိလိုက်ရုံက လွဲ၍ အနှီဟိုင်ရွေ့ဖြင့် အကြည့်ချင်းပင် မဆုံမိအောင် မျက်လုံးများ လွှဲနေလိုက်ရသည်။အနှီလုံးထွေးနေကြသည့် အခြေအနေမျိုးကို သူကမည်သို့များ ဖြေရှင်းပေးလိုက်ရမည်နည်းလေ။သာမန်လူတစ်ယောက်အတွက်တော့ ယောကျာ်းလေး နှစ်ယောက် ကုတင်ပေါ်မှာ ချစ်ကြိုက်နေကြသည် အနှီဖြစ်စဥ်ကြီးမှာဖြင့် တကယ်ကို အော့နှလုံးစို့နင့်ဖွယ် မသတီစရာ အခြေအနေမျိုးကြီးလည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်မို့။သူသည်လည်း သာမန်လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်ဘဲ။
ရုတ်တရက် စကားတို့ စလာခဲ့သည့် ဟိုင်ရွေ့ကြောင့်လည်း ဖူးယာမှာ အံ့အားသင့်မှုတို့ကိုပင် မျက်နှာမှာ မထိန်းချုပ်နိုင်ဘဲ ဖော်ပြလိုက်မိတော့သည်။
"အရှင့်သား!...တော်သေးတာပေါ့။ကျွန်တော်တစ်ယောက်ဘဲ မြင်လိုက်ရလို့။တကယ်လို့ ကျွန်တော်မဟုတ်တဲ့ တစ်ခြားသူကသာ ဒီလိုမြင်ကွင်းမျိုး မြင်သွားခဲ့ရင် ပြဿနာတွေ ပိုရှုတ်ကုန်တော့မှာဘဲ။ကျွန်တော်က အရှင့်သားကို စိုးရိမ်လို့ ပြောနေတာကို အရှင့်သားက ကျွန်တော့်စကားဆို အမြဲ လစ်လျုရှုပစ်ဖို့ လုပ်တယ်...ဒီတစ်ကြိမ်ရောဆို ဘယ်နှစ်ခေါက်များ ရှိနေပြီလဲ ပြောပါဦး''
"အာ...ဒီတစ်ကြိမ်ရောဆို...မင်း...မင်းပြောတဲ့ အဓိပ္ပါယ်က အရင်ကလည်း မြင်ဖူးခဲ့တယ်ပေါ့ အဲ့ဒီလိုလား...''
"ဟုတ်ကဲ့...''
ဖူးယာ ဆက်မမေးဖြစ်လိုက်တော့ပေ။သေချာပေါက် ရှုဖုန်းနှင့် အရင်ဖူးယာ ပလူးခဲ့စဥ်ကဘဲ ဖြစ်ရမည်ဟု ကောက်ချက်ချမိ၍လေ။ဘာဘဲဖြစ်ဖြစ် အနှီအခြေအနေကြီးနှင့် ရင်းနှီးကျွမ်းဝင်ထားခဲ့သည့် ဟိုင်ရွေ့ကြောင့်လည်း သူ အနည်းငယ်တော့ စိတ်သက်သာရာရမိလိုက်သည်ဆို ဒါ အမှန်ပါဘဲ။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
KAMU SEDANG MEMBACA
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Fiksi SejarahCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...