Part-54 ဘောကြီးဘဲ.../ေဘာႀကီးဘဲ...

6.1K 793 36
                                    

Unicode

ဖူးယာက အနှီတွင်းကျဥ်းကျဥ်းလေးထဲကနေ မညှာမတာလေး အညှစ်ထုတ်ခံလိုက်ရသည့် သားလောင်းလေးကဲ့သို့​ပါဘဲ။ရေညှိများဖြင့် ချော်ထွက်နေခဲ့သည့် လှေကားထစ်သေးသေလေးများ၏ အပေါ်ကနေ ဖင်ထိုင်ရက်သားလေးဖြင့်ဘဲ ဆက်တငင့်ငင့်နှင့် မရှုမလှကို လျှောကျလာခဲ့ရခြင်း။သူ့ခမျာ မြီးညောင်ရိုးတွေပင်လျှင် ကျိုးကြေကုန်ရပြီ ထင်မှတ်လိုက်မိသေးသည်။

သို့သော်လည်း အနှီလှေကားထစ်လေးများ အထစ်ပေါင်း ၁၀၀မပြည့်လိုက်ခင် ဖူးယာ၏ ခန္ဓာကိုယ်မှာ ရေကန်တစ်ခုထဲ ပစ်ကျသွားဟန်ဖြင့် ရေဗွေတစ်ခု၏ အားအပြည့်နှင့် ဆွဲစုပ်သွားခြင်းကို ရုတ်ခြဉ်း ခံလိုက်ရတော့သည်။အနှီရေဗွေထဲမှာ ရုန်းကန်နေခဲ့ရရုံကလွဲ၍ အံ့သြဖွယ်အတိ အသိကင်းလွတ်သွားခဲ့ခြင်းမျိုးတော့ လုံးလုံးမရှိခဲ့ပါပေ။

မိနစ်၂၀ခန့်အထိ ရုန်းကန်ခဲ့ရပြီးနောက် ဖူးယာ၏ ခန္ဓာကိုယ်မှာ အနှီရေဗွေထဲမှ လွတ်မြောက်ခွင့်ရခဲ့ပြီး ဆက်တိုက်ဆိုသလို အမြင့်တစ်နေ့ရာမှ ထပ်မံ၍ တွန်းချခံလိုက်ရပြန်သည်။အမြင့်နေရာမှ ပြုတ်ကျလာပြန်တော့လည်း ထပ်မံ၍ ရေထဲသာ ဖြစ်နေခဲ့သည်။သို့သော် အနှီတစ်ကြိမ်မှာတော့ ဖူးယာ ရုန်းရင်း ကန်ရင်းဖြင့်ဘဲ ရေထဲကနေ အောင်အောင်မြင်မြင်နှင့် ကုန်းကျူံး၍ ထလိုက်နိုင်သည် ပြောရမည်။

ဗွမ်း!

''လခွမ်း!...အဟွတ်!...အဟွတ်!...မားရေ...အဟွတ်!''

သူတကယ် သေရတော့မည် ထင်ခဲ့သည်။ဒီတစ်ကြိမ် ပြုတ်ကျလာခဲ့သည်က သူ၏ ခါးလယ်အထိသာ နစ်သည့် ဂူတစ်ခုလို နေရာမျိုးထဲက ရေကန်လိုမျိုး ဖြစ်သည်။ဂူပေါက်ဝကို လှမ်း၍ မြင်နေရအောင် အနှီဂူထဲသို့ အလင်းရောင် ကောင်းကောင်း ကျရောက်နေသည်။ဖူးယာ အနှီဂူကို နှံ့နှံစပ်စပ် သတိထားကြည့်မိတော့မှ ရေများ တဟုန်ထိုး စီးကျနေခဲ့သည့် ဂူအမိုးအထက်မှ လက်တစ်ပွေ့စာ ပြွန်သဏ္ဍာန် အပေါက်ဝကြီး တစ်ခုကို လှမ်း၍ တွေ့လိုက်ရသည်။

"သောက်ကျိုးနည်း!...မဟုတ်မှလွဲရော ငါလေး...အခုနက ဒီအပေါက်ကနေ ထွက်ကျလာခဲ့တာတော့ မဟုတ်လောက်ဘူးမလား...ငါ့လူးလေး ချင်းလန်ရင်း...ဒါကဘယ်လောက် အန္တရာယ်များလိုက်လဲ...မတော်လို့ ရေမွန်းသေသွားရင်း သူဘဲမုဆိုးဖို ဖြစ်ကျန်ခဲ့ရမှာကို...''

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ