Unicode
ရုတ်တရက်ကြီး အမှောင်လောကထဲကို ဆွဲအသွင်းခံလိုက်ရသည့် ဖူးယာလေးခမျာလည်း ယခုတော့ ရိုလာကိုစတာ စီးနေရသည့်အလား၊ သူ၏ နှစ်ခြမ်းတည်းသော အသည်းလေးကပင် ကမ္ဘာမြေကြီးပေါ်ကို အရှိန်တစ်ခုနှင့် ပစ်ကျနေခဲ့သလိုမျိုး ခံစားနေရသည်။သူ့ရင်ထဲမှာ အေးကနဲဆိုသည့် တလှပ်လှပ် ခံစားချက် မောဟိုက်ဟိုက်ကြီးလည်း အတိကြီးစိုးနေလေသည်။
ငါရိုး!...ဒါ..ဒါကြီးက သောက်ချေးလို နှစ်ဦးသဘောတူလားဟ!
လာ၍ ဖိကပ်ထားရုံ ထူပြင်းပြင်း နှခမ်းတစ်စုံကြောင့်လည်း ဖူးယာလေးခမျာ သွေးများပင် ပြောင်းပြန်စီးကုန်ပြီ ထင်သည်။သူကအခု ကမ္ဘာကြီးနှင့်ရော နှစ်တစ်သောင်းအမှောင်ညများ ဇာတ်ကြောင်းကြီးနှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါပြီ။
နဂိုရှောင်ဖုန်းဆိုသည့် ကောင်ငယ်လေးက ချစ်သူကောင်မလေး ချီလင်၏ ကောင်းမှုနှင့် online အကွေးဝတ္ထုလေးတွေ စဖတ်မိခဲ့ကာ အမှောင်ကမ္ဘာကြီးထဲက Gongလေး Shouလေးများကို သဘောတကျ လက်လှမ်းပြကာ နှုတ်ဆက်လိုက်မိတယ် ဆိုရုံပါဘဲ။သူ၏အရှေ့ကို အမြင်မတော်အောင် လာ ကလူကာ ကျီစယ်ပြနေသည်ဆိုဦးတော့ အနှီကောင်ချောလေးနှစ်ယောက်ကို အလွန်ဆုံးမှ စိတ်ထဲကနေ အထက်အောက် ခွဲပြီး ဆွဲshipပေးလိုက်မိသည် ဆိုရုံလေးပေါ့။
ယခုအနေထားကတော့ဖြင့် အကွေးကမ္ဘာကြီးထဲမှ ရှားရှားပါးပါးလေး crushလိုက်မိသော အလှလေး ချင်းလန်ရင်းက အဖြောင့်ကမ္ဘာကြီးထဲကနေ လက်ပြနှုတ်ဆက်လိုက်မိသည့် သူလေးအား အတင်းအကျပ်ဆိုသလို သူ၏အကွေးကမ္ဘာကြီးထဲကို ဆွဲချပစ်လိုက်သည် မဟုတ်ပါလား?
ဖိကပ်ထားရုံလေးဘဲကို။မျက်နှာနှစ်ခုမှာ အင်မတန် နီးကပ်နေကြသည်က အသက်ရှုထုတ်နေကြသည့် လေထု ပူနွေးနွေးများကပါ နှစ်ဦးသား၏ ပါးပြင်အထက်၌ ပွတ်သပ်ကာ ရောယှက်ကုန်ကြပြီ။နှစ်ဦးလုံးက မျက်ဝန်းများကို ဖိမှိတ်မထားခဲ့ကြ၍လည်း အနေခတ်လှစွာ မျက်တောင်ရှည်များကပင် အချင်းချင်း ဖတ်တွယ်ကုန်ကြတော့သည်။
ဖူးယာ၏ ဦးနောက်ကလေး ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်သေး။အနှီအခြေနေကြီးအား အသည်းအသန်ကို အဖြေထုတ်နေမိသေးသည်။မည်သို့ပင် လိင်တူယောကျာ်းတစ်ဦးနှင့် ပထမဦးဆုံးအကြိမ် နမ်းရှုတ်လိုက်ရခြင်း ဖြစ်ပါစေ ယခုဖူးယာ၏ နှလုံးသားလေးကတော့ဖြင့် အိန္ဒြေပင် ဆည်နိုင်မနေတော့ဘူး။
တစ်ဖတ်မှာလည်း အလှလေး၏ အနမ်းဖွဖွအောက်တွင် ပြုံးပြုံးကြီးနှင့်ကို ကျရှုံးချင်နေခဲ့သလို ယားကျိကျိ ခံစားချက်မျိုးကလည်း အဆန်းတကြယ် ဖြစ်ပေါ်လို့နေသည်။
![](https://img.wattpad.com/cover/260508032-288-k259782.jpg)
YOU ARE READING
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Historical FictionCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...