𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 3
မှန်တင်ခုံပေါ် ထိုင်လိုက်တိုင်း အသားမကျတဲ့မျက်နှာတစ်ခုကို အကြိမ်ကြိမ်ကြည့်နေမိပါသည်...။
အသားမကျသေးသော်လည်း
ရိုစ့်စကားလက်စ်သည်ဟာနာနဲ့အနည်းငယ်ရုပ်ဆင်၏...။
အနီရောင်ဆံပင်တွေနဲ့မျက်ဝန်းစိမ်းစိမ်းများကိုသာဖယ်ပစ်လိုက်ရင် ငါ့မျက်နှာနဲ့ဆင်သလိုလိုပဲ...။ရိုစ့်စကားလက်စ်ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ ဗီလိန်ကိုယ်ထဲကို ရောက်နေတာ ၃လရှိပါပြီး...။
ရိုစ့်ရဲ့စရိုက်မဟုတ်ဘဲ ကိုယ်ပိုင်စရိုက်နဲ့ နေထိုင်ခဲ့ရင်း စကားလက်စ် အိမ်တော်က သူတွေနဲ့လည်းတော်တော် ရင်းနှီးမှုရလာပါပြီး။
မှန်တင်ခုံရှေ့အလုပ်မရှိအကိုင်မရှိ ထိုင်နေပြီး အားဒီ ကခေါင်းဖီးပေးနေလျက်...။
"သခင်မလေး.... မနေ့ညနေကလေ
ဆရာဂရမ်း လာသွားသေးတယ်နော်...၊သခင်မလေးနေပြန်ကောင်းပြီးဆိုတော့ သင်ခန်းစာပြန်စကြမလားတဲ့''"သင်ခန်းစာ???''
ဘာသင်ခန်းစာများလဲ...။
အသိုင်းအဝိုင်းကြီးတွေထဲက မိန်းကလေးတွေလိုက်နာရမဲ့ စည်းကမ်း ဓလေ့ထုံးတမ်းတွေလား။ဒါတွေကို ငါရပြီးသားပါ။
ဒီလို သူဌေးသမီးဇာတ်ရုပ်ကို အကြိမ်ပေါင်းမနည်း သရုပ်ဆောင်ဖူးတယ်။
အကြိမ်ပေါင်းမနည်း လေ့ကျင့်ဖူးတယ်။
ဓလေ့ထုံးတမ်းလေးလောက်ကတော့ ရပြီးသား။"သင်ခန်းစာဆိုတာဓလေ့ထုံးတမ်းတွေလား''
"အဟွန်းဟွန်း...မဟူတ်တာ သခင်မလေးရယ်.... သင်ခန်းစာဆိူတာမှော်ပညာလေ..၊ သခင်မလေးကငယ်ငယ်တည်းက မှော်ပညာမှာ ပါရမှီပါတော့''
"ဟုတ်သားပဲ!!!"
စွတ်ခနဲ့ထအော်သောရိုစ့်ကြောင့် ခေါင်းဖီးပေးနေသော အားဒီမှာတို့လို့တန်းလန်းကိုဖြစ်သွား၏...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)