အသံတိတ်ရန်သူ

268 8 0
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 36

''အဲဒီလိုပဲ လုပ်ကြည့်ရအောင်...''

လို့ အားတက်သရောအကြံပေးလိုက်သည့်
ရိုစ့်ဆိုတဲ့သခင်မလေး...။
အိမ်တော်ရဲ့ပန်းခြံထဲမှာ အယ်လာနှင့်နှစ်ယောက်သား တိုင်ပင်နေကြသည်မှာ အန်ခမ်းကိုတောင်အသိမပေးချေ...။

''အကိုကြီးကို မပြောပြပဲထားလို့ရော ဖြစ်ပါ့မလား...နောက်မှ စိတ်ဆိုးနေဦးမယ်''

''ရပါတယ်...ကျွန်မ သူ့ကို မင်းသားဈန်နဲ့ အချင်းပွားတာမျိုး မဖြစ်စေချင်ဘူး''

''ဒါဆို အယ်လာနဲ့ကျွန်မနှစ်ယောက်တည်းဖြေရှင်းတာပေါ့...နော်''

တက်တက်ကြွကြွကိုမေးလိုက်တဲ့ ရိုစ့်ကြောင့် အယ်လာပြုံးမိပါသည်...။
ပြီးတော့ခေါင်းလေးညိတ်မိရင်း...

''အဖွဲ့ကိုဖျက်ဖို့ဆိုရင် ခိုင်လုံတဲ့ ကိစ္စတစ်ခုကိုလက်ဆုတ်လက်ကိုပြနိုင်မှဖြစ်မှာ...၊ ကျွန်မက စခန်းချထားတဲ့နေရာဆီကိုမသွားတာကြာပြီးဆိုတော့...''

''အဲဒါကြောင့် ကျွန်မခုနကပြောတဲ့အတိုင်းလုပ်လိုက်ပါဆို အယ်လာကလည်း...''

''အဟွန်း...အိုင်ဒေါကတော့ မင်းသမီးလုပ်
ရမယ့်အစား ဇာတ်ညွန်းဆရာမသာလုပ်ခဲ့သင့်တာနော်...ဉာဏ်နီဉာဏ်နက်တွေအရမ်းများနေတယ်''

''ဟွန်းဟွန်း...ဉာဏ်များပြီး ရှောင်ပြေးတတ်တဲ့အကျင့်ကရှိနေတာကိုး...၊ ဒါဆိုအယ်လာကျွန်မပြောသလိုလုပ်မှာလား...''

လို့​မေးတော့ ချက်ချင်းခေါင်းမညိတ်မိပဲ ခဏတာတွေးတော၏...။
ရိုစ့်ပြောတဲ့နည်းလမ်းက ရိုးရိုးရှင်းရှင်းနဲ့ပြီးလောက်တယ်...ဒါပေမယ့် ငါ့ရဲ့အဖွဲ့သားတွေမယုံမှာပဲဆိုးရတာ...။

''အဖွဲ့သားတွေယုံမယုံဆိုတဲ့ပြသာနာပဲရှိတော့ ဖြေရှင်းနိုင်ခြေများပါတယ်...လုပ်ကြတာပေါ့''

''အိုကေ...ဒါဆိုမနက်ဖြန်ညထွက်ကြရအောင်''

''အန်ခမ်းမသိ​အောင် ဘယ်လိုမျိုးရှောင်ထွက်ကြမှာလဲ...၊ သူသိသွားရင်...''

My Love In NovelМесто, где живут истории. Откройте их для себя