လှည့်စားခြင်းမျက်နှာဖုံး

319 13 5
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 17

အကအလှများရှုစားခြင်းအချိန်က ပြီးဆုံးသွားပါပြီး..။ ပြီးတာနဲ့အဓိကစားဖွယ်ဖြစ်သော ဆူရှီကရောက်ရမည်ဖြစ်သည်...။

ထိုအခါ ပြောပြီးသွားသော ရှင်ဘုရင်ကမျက်နှာပျက်လုနီးပါးဖြစ်လာသလို...
ဧည့်ပရိတ်သတ်များလည်း ရောက်မလာသေးသောစားဖွယ်ကြောင့် တီတိုးစကားသံများတစ်စတစ်စထွက်လာလေပြီး...

ထိုစဥ်...

''အယ်ဒိုတိုင်းပြည်မှာ ဆာမူရိုင်းလို့ခေါ်တဲ့စစ်သည်တွေရှိတယ်ကြားတယ်...''

ဈန်ဆီက အေးဆေးတည်ငြိမ်သောစကားတစ်ခွန်းထွက်လာလေ၏...။
သံတမန်နဲ့မင်းသမီးအာရုံလည်းသူ့ဆီရောက်သွား၍...သံတမန်ကြီးက ​ပြုံးပြုံးရယ်ရယ်ပဲ...

''ဟုတ်ပါတယ်...အရှင့်သားကဆာမူရိုင်းတွေအကြောင်းသိတာလား''

''ဓားကိုင်တဲ့စစ်သည် အချင်းချင်းဆိုတော့စိတ်ဝင်စားမိလို့ပါ...၊ အယ်ဒိုဆာမူရိုင်းတွေရဲ့ ဓားရေးကလည်းဟွင်းလေးတကျော်ကျော်နာမည်ကြီးတယ်ဆိုတော့...''

''ဟားဟားဟားးး..အရှင့်သားကမြောက်နေပြန်ပါပြီး...''

''မြောက်တာတဲ့လား...ကျွန်တော်ကမြောက်
ပင့်တဲ့စကားကိုမပြောတဲ့သူပါ...၊ တစ်ခါလောက်အယ်ဒိုကိုသွားပြီးတော့ အယ်ဒိုဓားရေးကိုလေ့လာချင်ပါသေးတယ်...''

''အမြဲကြိုဆိုပါတယ်မင်းသား...၊ အရှင့်သားဈန်လို့ တော်ဝင်ပန်းတိုင်းပြည်ရဲ့ ဓားတစ်လက်ကသာ အယ်ဒိုဓားရေးကိုပါတတ်ကျွမ်းသွားရင်တော့ စစ်နတ်ဘုရားအလားဖြစ်လာမှာအမှန်ပါပဲ...မဟုတ်လားအရှင်မင်းကြီး''

''သံတမန်ကြီးစကားအတိုင်းပါပဲ...ဟားဟားးး''

ရယ်မောခြင်းဖြင့် ဖုံးကွယ်နေရတဲ့ အခိုက်အတန့်မှာ မိဖုရားကြီးမျက်နှာကတော့အကြံအစည်များစွာဖြင့်ပြုံးနေလျက်ပင်...။

ရေးစ်ကတော့ ဈန်ရဲ့လိုတာထက်ပိုနေသောစကားလမ်းကြောင်းများအရ တစ်ခုခုဖြစ်နေပြီးဆိုတာရိပ်မိပါသည်...။

My Love In NovelWhere stories live. Discover now