မေတ္တာအဆိပ်ရည်

235 6 6
                                    

𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝

Episode 38

ခုနှစ်စင်ကြယ်ပွဲတော်ကြီး...။
ရှင်ဘုရင်နှင့်မိဖုရာကြီးရဲ့ မင်္ဂလာနှစ်ပတ်လည်လည်းဖြစ်၏...။

ဈန်တို့က နယ်စပ်မှာ ဘယ်လိုတောင် နေနေရ
လဲဆိုတာတော့ တစ်ယောက်မှစိတ်မဝင်စားဘူး...။
အပူအပင်မရှိပျော်နေနိုင်ကြပါလား...။

''သမီးလေး...မျက်နှာအမှုအရာကို ထိန်းပါဦးကွယ်...''

မကျေမနပ်ဖြစ်၍ မဲ့နေမိတော့ ရိုစ့်မျက်နှာက ဖုံးမရဖိမရ အရမ်းကိုပေါ်လွင်နေသည်လေ...။

''အရှင်မင်းကြီးကိုဂါရဝပြုရတော့​မယ်လေ...''

''ဟုတ်ကဲ့ပါဖေဖေ...သမီး တောင်းပန်ပါတယ်''

မျက်နှာအမှုအရာကို မရမကပြန်ထိန်း၍ ဟန်ဆောင်အပြုံးကိုပန်ရ၏...။

အရှင်မင်းကြီးလည်း ဒီပွဲကိုသိပ်ကျင်းပချင်ပုံမပေါ်ပါ...။
မိဖုရာကြီးကသာ သွားရှိသမျှအကုန်ဖြဲပြပြုံးပြနေတာ...။
အရှင်မင်းကြီးကတော့ ဟန်လုပ်ပြုံးနေရုံသာ...။

ရေးစ်ကတော့ခပ်တည်တည်ပေ...။

ရေးစ့်နဲဘယ်လ်ရဲ့ကိစ္စကို ဈန်ဘက်က ဖြေရှင်းပေးမယ်ပြောလို့ ငါငြိမ်လိုက်ပေမယ့် ကျေနပ်နေတာတော့ မဟုတ်ဘူးနော်...။

''သခင်မလေး...''

အားဒီလက်တို့ပြောစဥ် ဘုရင်ကြီးနှင့်မိဖုရားကြီးကို ဂါရဝပြုရတော့မည်ဖြစ်၏...။

ဂါရဝပြုခြင်းနှင့်အတူ မင်္ဂလာနှစ်ပတ်လည်အတွက်ဂုဏ်ပြုစကား နှင့် လက်ဆောင်ကိုလည်း ပေးအပ်သည်...။

ထိုနောက် ရှင်ဘုရင်က စကားလက်စ်သခင်ကြီးနှင့်အတူ စကားစမြည်ပြောမယ်ဆို၍အနားယူခန်းထဲဝင်သွားကြတော့ ရိုစ့်နဲ့မိဖုရားကြီးသာကျန်ခဲ့တော့သည်...

ကိုးရိုးကားယားအနေအထားကြီးနဲ့ နှစ်ယောက်သားစကားတစ်ခွန်းမှလည်း မပြော..။
ရိုစ့်လည်း သူမနဲ့အရေးတယူစကားပြောချင်နေတာမဟုတ်တာကြောင့်လှည့်ထွက်မယ်အလုပ်...

''အဲဒီအစေခံမလေးနာမည်ကဘာပါလိမ့်...''

ဟူသောစကားကြောင့် ရိုစ့်ခြေလှမ်းများရပ်သွားပါသည်...။
မိဖုရာကြီးဘက်ကို ပြန်လှည့်ကြည့်လိုက်သည်မှာ စူးစူးရှရှမျက်ဝန်းလေးများဖြင့်...

My Love In NovelWhere stories live. Discover now