𝕄𝕪 𝕃𝕠𝕧𝕖 𝕀𝕟 ℕ𝕠𝕧𝕖𝕝
Episode 8
''ထူးဆန်းလိုက်တာ...အရှင့်သားကိုယ်ထဲကအပြည်တည်တဲ့ဒဏ်ရာမရှိတော့ဘူး''
''ဘာ??''
''ခန္ဓာကိုယ်အတွင်းကဒဏ်ရာတစ်ခုမှမရှိတော့ဘူး...၊ နတ်ဘုရားရဲ့ရေစင်ကိုသောက်လိုက်တဲ့အတိုင်းပဲနော်..''
နတ်ဘုရားရဲ့ရေစင်တဲ့လား...။
ဗေဒင်ဆရာမတော့ပေါ့တန်တန်လူမဟုတ်တာသေချာပြီး..။''ဒါနဲ့ ဟွမ်လွင့် မင်းငါ့ဆီရောက်လာတာ
နောက်ကျလွန်းတယ်မထင်ဘူးလား''''နောက်ကျသွားတာလား...နောက်ကျသလိုဖြစ်သွားရင်လည်း စိုးရိမ်မိပါတယ်အရှင့်သား''
ဒဏ်ရာတွေကိုပတ်တီးစည်းထားပြီး ကုတင်ပေါ်လဲနေသော သူ့အားခေါင်းလေးငုတ်၍တောင်းပန်သည်မှာ အသက်မပါ...။
ဝတ်ကျေတန်းကျေ တောင်းပန်လိုက်ပုံမှာ သိသာပြီး သူကိုယ်သူတစ်စက်ကလေးမှအပြစ်မလုပ်ထားတဲ့မျက်နှာနဲ့ပြုံးနေတာ...။ကြည့်လိုက်ပါဦး...၊ တော်ဝင်ပန်းတိုင်းပြည်ရဲ့ဒဏ္ဍာရီလာမှော်ဆရာကြီးလို့ပြောတဲ့သူ...။
ရွှေအိုရောင်ဆံပင်တွေကို လည်တိုင်အောက်ထိအရှည်ထားပြီး လူငယ်ချောချောလေးမျက်နှာတစ်ခုကိုဖန်တီးထားတာ...။ဈန်ရဲ့မှော်ပညာကိုသင်ပေးတဲ့ဆရာဖြစ်ပြီး ဒီတိုင်းပြည်ကြီးရဲ့ပထမမင်းဆက်ကတည်းက ရှိခဲ့ပါသောနဂါးအမျိုးတော်ဝင်မှော်ဆရာ
တစ်ဦးဖြစ်၏...။နဂါးသွေးနဲ့လူသွေးနှော၍ မွေးဖွားလာသော ကလေး...။
မွေးမွေးချင်းတော့ နဂါးဥက ပေါက်ဖွားခဲ့ပြီး လူအများရဲ့ကြောက်လန့်ရှုတ်ချမှုကြားမှာနေထိုင်ခဲ့ရ၏...။မကောင်းဆိုးဝါးကြီးလို့အမြဲအကြည့်ခံခဲ့ရတဲ့ဘဝမှာ နဂါးသွေးနှောများဟာ ဘဝနာလွန်းကြ၍ တိုင်းပြည်ကိုဖျက်တဲ့ ဗီလိန်ကြီးတွေဖြစ်သွားတတ်၏...။
ဟွမ်လွင်ကတော့ထိုအထဲမှာကံကောင်းခဲ့သူလေးပေါ့...။
ဈန်တို့ရဲ့ဘိုးဘေးဖြစ်သူ ပထမနန်းတက်ခဲ့သောဘုရင်မင်းမြတ်က ဟွမ်လွင်နဲ့အချစ်ဆုံးညီနောင်တွေဖြစ်ခဲ့ကြတယ်...။
YOU ARE READING
My Love In Novel
RomanceRomance Time travel Fantasy (ငါက ဗီလိန်....ဒါပေမဲ့ မင်းကိုပိုင်ခွင့်ရှိတယ်)